Quran with Burmese translation - Surah Al-An‘am ayat 96 - الأنعَام - Page - Juz 7
﴿فَالِقُ ٱلۡإِصۡبَاحِ وَجَعَلَ ٱلَّيۡلَ سَكَنٗا وَٱلشَّمۡسَ وَٱلۡقَمَرَ حُسۡبَانٗاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ﴾
[الأنعَام: 96]
﴿فالق الإصباح وجعل الليل سكنا والشمس والقمر حسبانا ذلك تقدير العزيز العليم﴾ [الأنعَام: 96]
Ba Sein ၉၆။ အသျှင်မြတ်သည် နံနက်အလင်းရောင်ကို ဖန်ဆင်းတော်မူ၏။ ဆိတ်ငြိမ်သောညကိုလည်း ဖန်ဆင်း တော်မူ၏။ နေနှင့်လကို အချိန်ကာလ ရေတွက်ဖို့ရာ စီရင်ထားတော်မူ၏။ ဤအရာများသည် အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်၏ စီမံခန့်ခွဲမှုဖြစ်၏။ |
Ghazi Mohammad Hashim (ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။ |
Hashim Tin Myint (အရှင်မြတ်သည်) အလင်းကို ခွဲထုတ်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။* ထို့ပြင် အရှင်မြတ်သည်ပင် ညအချိန်ကို(သတ္တဝါအားလုံး)အနားယူရန် ပြုလုပ်ထားတော်မူသည်။* နေနှင့်လတို့ကိုလည်း (အချိန်)တိုင်းတာ တွက်ချက်ရန် ပြုလုပ်ထားတော်မူသည်။* ဤသည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးသောမူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်၏ စီမံခန့်ခွဲမှုပင်ဖြစ်သည်။ |