×

(လောကီတာဝန်ဝတ္တရားများမှ အနားပေးခံရပြီးနောက်) မုချဧကန်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ဖြစ်တည်ဖွားမြင်စေတော်မူသကဲ့သို့ပင် သင်တို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူထားသည့်အရာ အားလုံးကို သင်တို့၏နောက်ကျောဘက်တွင် 6:94 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:94) ayat 94 in Burmese

6:94 Surah Al-An‘am ayat 94 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 94 - الأنعَام - Page - Juz 7

﴿وَلَقَدۡ جِئۡتُمُونَا فُرَٰدَىٰ كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةٖ وَتَرَكۡتُم مَّا خَوَّلۡنَٰكُمۡ وَرَآءَ ظُهُورِكُمۡۖ وَمَا نَرَىٰ مَعَكُمۡ شُفَعَآءَكُمُ ٱلَّذِينَ زَعَمۡتُمۡ أَنَّهُمۡ فِيكُمۡ شُرَكَٰٓؤُاْۚ لَقَد تَّقَطَّعَ بَيۡنَكُمۡ وَضَلَّ عَنكُم مَّا كُنتُمۡ تَزۡعُمُونَ ﴾
[الأنعَام: 94]

(လောကီတာဝန်ဝတ္တရားများမှ အနားပေးခံရပြီးနောက်) မုချဧကန်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ဖြစ်တည်ဖွားမြင်စေတော်မူသကဲ့သို့ပင် သင်တို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူထားသည့်အရာ အားလုံးကို သင်တို့၏နောက်ကျောဘက်တွင် စွန့်ပစ်ထား၍ (အဝတ်စအဖြူဝတ်ပေးခြင်းခံရလျက်) ငါအရှင်မြတ် ထံတော်သို့ တစ်ကိုယ်တော် လာရောက်ရလိမ့်မည်။ ထိုစဉ် လောကီဘဝ၌ သင်တို့ဘဝအတွက် ကြားဝင်အသနား ခံပေးမည်ဟု ကြွေးကြော်၍ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြသော သင်တို့၏ ထိုကိုးကွယ်ရာများ (သင်တို့နှင့်အတူ) အလျှင်း ရှိမည်မဟုတ်ကြောင်းကို ငါအရှင်မြတ်က မုချပင် တွေ့မြင်တော်မူ၏။ အမှန်စင်စစ်၊ သင်တို့က (သင်တို့၏ထိုကိုးကွယ်ရာများထံမှ အကူအညီ အကျိုးအမြတ်ရလိမ့်မည်ဟု (အားကိုးတကြီးမျှော် လင့်တောင့်တ၍) ကြွေးကြော်ခဲ့သမျှကို လက်လွှတ်ဆုံးရှုံးရပြီး သင်တို့နှင့်သူတို့ကြားရှိ ဆက်နွယ်မှု သံယောဇဉ် အားလုံးလည်း အပြီးသတ် ပြတ်တောက်သွားလိမ့်မည် ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد جئتمونا فرادى كما خلقناكم أول مرة وتركتم ما خولناكم وراء ظهوركم, باللغة البورمية

﴿ولقد جئتمونا فرادى كما خلقناكم أول مرة وتركتم ما خولناكم وراء ظهوركم﴾ [الأنعَام: 94]

Ba Sein
၉၄။ ယခုသင်တို့သည် ငါအသျှင်မြတ် ကနဦးက ဖန်ဆင်းတော်မူသကဲ့သို့ တစ်ကိုယ်ချင်းသာ အထံတော်သို့ ပြန်လာကြရပြီး သင်တို့သည် ငါပေးသနားတော်မူသော စည်းစိမ်ဥစ္စာများကို စွန့်ထားခဲ့ရပြီး သင်တို့ကို တောင်းပန်ကယ်နှုတ်မည်ဆိုသူများကို သင်တို့နှင့်အတူတကွ ငါမမြင်ရပေ။ ထိုသူများသည် သင်တို့ အပေါ်တွင် ဝေစုရှိသည်ဟု သင်တို့အကြောင်းဆိုကြ၏။ ယခု သင်တို့စပ်ကြားဆက်သွယ်သော ကြိုးကို ဖြတ်လိုက်ပြီး သင်တို့အားကိုးရာဟု ထင်မှတ်သောသူတို့သည် သင်တို့ကို စွန့်ပစ်ပေပြီ။
Ghazi Mohammad Hashim
၎င်းပြင် (အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ)(ယခုမူကား) အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပထမမူလက ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်းတော်မူသည့် အတိုင်းပင် တစ်ယောက်စီ၊ တစ်ယောက်စီ လာကြလေပြီ။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (ဥစ္စာပစ္စည်း)များကိုလည်း မိမိတို့နောက်တွင် စွန့်ထားခဲ့ကြလေပြီ။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့နှင့် အတူတကွ အသင်တို့အားကြားဝင်အသနားခံပေးမည့် အကြင်သူများကိုလည်း တွေ့မြင်တော်မမူ။ အသင်တို့သည် မိမိတို့၏အရေးကိစ္စများတွင် ထိုသူများသည် (ငါအရှင်မြတ်၏) အပေါင်းအဖက်များ ဖြစ်သည်ဟူ၍ ထင်မြင်ယူဆခဲ့ကြလေသည်။ (ယခုမူကား) အသင်တို့(အချင်းချင်း)၏ စပ်ကြားဝယ် အဆက်ပြတ်သွားချေပြီ၊ ၎င်းပြင်အသင်တို့၏ ထင်မြင်ယူဆချက်သည်လည်း အသင်တို့ထံမှပျောက်ကွယ်သွားချေပြီ။ (သို့ဖြစ်ပေရာ ယခုမူကား အပြစ်ဒဏ်ကို အပြည့်ခံကြရတော့ပေမည်)။ (ရကူ)
Hashim Tin Myint
ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ ပထမအကြိမ် ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အတိုင်းပင် တစ်ဦးစီ၊ တစ်ဦးစီ(‌သေဆုံးလျက်) အမှန်ပင် လာကြပြီဖြစ်သည်။* ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေးသနား‌တော်မူခံ‌သောအရာ(ပစ္စည်းဥစ္စာ)များကိုလည်း အသင်တို့‌နောက်တွင် စွန့်ထားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူတကွ အသင်တို့ကို ကြားဝင်အသနားခံ‌ပေးမည့် အကြင်သူများကိုလည်း မ‌တွေ့မြင်‌ပေ၊ ထိုသူများသည် အသင်တို့၏ အ‌ရေးကိစ္စများတွင် (ငါအရှင်မြတ်နှင့်) ဖက်စပ်ပါဝင်သူများဖြစ်ကြသည်ဟု အသင်တို့ ထင်မြင်ယူဆခဲ့ကြသည်။ (ယခုမူ) အသင်တို့၏စပ်ကြားတွင် အဆက်ပြတ်သွားပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ထင်မြင်ယူဆခဲ့ကြ‌သောအရာသည်လည်း အသင်တို့ထံမှ ‌ပျောက်ကွယ်သွားပြီဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek