×

အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ သင်တို့ထံ ယုံကြည်သူအမျိုးသမီးများအဖြစ် ရွှေ့ပြောင်းနေထိုင် ရန်ရောက်လာကြသောအခါ သင်တို့သည် သူတို့အား ကောင်းမွန်စွာ မေးမြန်းစစ်ဆေးကြလော့။ အလ္လာဟ်အရှင် 60:10 Burmese translation

Quran infoBurmeseSurah Al-Mumtahanah ⮕ (60:10) ayat 10 in Burmese

60:10 Surah Al-Mumtahanah ayat 10 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mumtahanah ayat 10 - المُمتَحنَة - Page - Juz 28

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا جَآءَكُمُ ٱلۡمُؤۡمِنَٰتُ مُهَٰجِرَٰتٖ فَٱمۡتَحِنُوهُنَّۖ ٱللَّهُ أَعۡلَمُ بِإِيمَٰنِهِنَّۖ فَإِنۡ عَلِمۡتُمُوهُنَّ مُؤۡمِنَٰتٖ فَلَا تَرۡجِعُوهُنَّ إِلَى ٱلۡكُفَّارِۖ لَا هُنَّ حِلّٞ لَّهُمۡ وَلَا هُمۡ يَحِلُّونَ لَهُنَّۖ وَءَاتُوهُم مَّآ أَنفَقُواْۚ وَلَا جُنَاحَ عَلَيۡكُمۡ أَن تَنكِحُوهُنَّ إِذَآ ءَاتَيۡتُمُوهُنَّ أُجُورَهُنَّۚ وَلَا تُمۡسِكُواْ بِعِصَمِ ٱلۡكَوَافِرِ وَسۡـَٔلُواْ مَآ أَنفَقۡتُمۡ وَلۡيَسۡـَٔلُواْ مَآ أَنفَقُواْۚ ذَٰلِكُمۡ حُكۡمُ ٱللَّهِ يَحۡكُمُ بَيۡنَكُمۡۖ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[المُمتَحنَة: 10]

အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ သင်တို့ထံ ယုံကြည်သူအမျိုးသမီးများအဖြစ် ရွှေ့ပြောင်းနေထိုင် ရန်ရောက်လာကြသောအခါ သင်တို့သည် သူတို့အား ကောင်းမွန်စွာ မေးမြန်းစစ်ဆေးကြလော့။ အလ္လာဟ်အရှင် မြတ်သည် သူမတို့၏ယုံကြည်မှုနှင့်စပ်လျဥ်း၍ အသိတော်မူဆုံး ဖြစ်တော်မူ၏။ အကယ်၍ သင်တို့က သူမတို့သည် စစ်မှန်သောယုံကြည်သူများ ဖြစ်နေကြောင်းသော တပ်အပ်သေချာစွာ သိကြလျှင် သူမတို့အား မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ထံသို့ ပြန်မပို့ကြလေနှင့်။ သူမတို့သည် သူတို့အတွက် (တရားတော်နှင့်အညီ) တရားဝင်ခွင့်ပြုထားသူများ မဖြစ်နိုင်သည့်အပြင် သူတို့ကလည်း (တရားတော်နှင့်ဆန့်ကျင်၍) သူမတို့အား တရားဝင်အဖြစ် မပြုလုပ်နိုင်ပေ။ သို့ရာတွင် သင်တို့သည် (မယုံကြည်သူများဖြစ် ကြသော) သူတို့က သူမတို့အား (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) ပေးကမ်းသုံးစွဲသမျှကို သူမတို့၏ အမျိုးသားများထံ) ပြန်ပေးကြလော့။ ထို့ပြင် အကယ်၍ (ယုံကြည်သူများဖြစ်ကြသော) သင်တို့သည် သူမတို့ အား တရားဝင်ထိမ်းမြားလို၍ (တရားတော်နှင့်အညီ) ထိမ်းမြားမင်္ဂလာလက်ဆောင် (မဟရ်) ပေးကမ်းလိုက် သောအခါ (သူမတို့အားထိမ်းမြားယူခြင်း၌) သင်တို့အပေါ် ၌ အပြစ်မထိုက်ပေ။ ထို့ပြင် သင်တို့သည် (သင်တို့၏ မယုံကြည်သူအမှန်တရားကို ငြင်းပယ်သူ) အမျိုးသမီးများအား ဆက်လက်၍ ထိန်းသိမ်းမထားကြလေနှင့်။ သူတို့သည် သူတို့၏အမျိုးသမီးများအတွက် (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) သုံးစွဲခဲ့သမျှကို သူတို့အား ပြန်လည်တောင်းဆိုခွင့် ပေးထားသော်ြငားလည်း သင်တို့သည် သူမတို့အတွက် (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) ပေးကမ်းသုံးစွဲသမျှကိုလည်း မတောင်းဆိုကြလေနှင့်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော် စီရင်ပြဋ္ဌာန်းချက်သည် ထိုနည်းအတိုင်းပင် ဖြစ်၏။ ထိုအရှင်မြတ်သည် သင်တို့၏အကြားဝယ် (ရင်ဆိုင်ကြုံတွေ့နိုင်သည့် ပြဿနာအားလုံးအတွက်) စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အနန္တအမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا إذا جاءكم المؤمنات مهاجرات فامتحنوهن الله أعلم بإيمانهن فإن, باللغة البورمية

﴿ياأيها الذين آمنوا إذا جاءكم المؤمنات مهاجرات فامتحنوهن الله أعلم بإيمانهن فإن﴾ [المُمتَحنَة: 10]

Ba Sein
၁၀။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့ထံသို့ ယုံကြည်သူမိန်းမတို့သည် ခိုလှုံရန် ထွက်ပြေးလာသောခါ သူတို့၏ ယုံကြည်မှုကို စမ်းသပ်ကြည့်ရှုကြလော့၊ အလ္လာဟ်အရှင်မြတ်မူကား သူတို့၏ ယုံကြည်မှုကို ကောင်းစွာသိတော်မူ၏၊ ယင်းသို့စမ်းသပ်ကြည့်ရှုရာ သူတို့သည် ယုံကြည်သူအစစ်အမှန်ဖြစ်ကြောင်းကို သိကြလျှင် သူတို့ကို မယြံုကည်သူတို့ ထံသို့့ ပြန်မလွှတ်ကုန်လင့်၊ ထိုမိန်းမတို့သည် မယုံကြည်သူ ယောကျ်ားတို့နှင့် တရားသဖြင့် မထိုက်ချေ၊ ထိုမိန်းမတို့အတွက်လည်း အယူလွဲသူယောကျာ်းတို့သည် တရားဝင်သောလင်ယောကျာ်းမဟုတ်ချေ၊ သို့သော် မယုံကြည်သူ လင်ယောကျာ်းတို့အား ထိုမိန်းမတို့သို့ သူတို့ပေးပြီးသော ခန်းဝင်ပစ္စည်းများကို ပြန်ပေးလော့၊ ထိုမိန်းမတို့အား ခန်းဝင်ပစ္စည်းများပေးပြီးလျှင် သင်တို့သည် သူတို့ကို ထိမ်းမြားလက်ထပ်သော်၊ သင်တို့အပေါ်၌ အပြစ်မထိုက်ချေ၊ သို့သော် အယူလွဲသူမိန်းမတို့နှင့် ဆက်လက်၍ မပေါင်းဖော်ကြလင့်၊ သူတို့အပေါ်တွင် သင်တို့ ပေးပြီးသောခန်းဝင်ပစ္စည်းများကို ပြန်တောင်းလော့၊ မယုံကြည်သူယောကျာ်းတို့အားလည်း သင်တို့ထံ ပြေးလာ သောယုံကြည်သူမိန်းမတို့အပေါ်တွင် ထိုယောကျာ်းတို့ တင်သော ခန်းဝင်ပစ္စည်းများကို ပြန်တောင်းစေလော့၊ ဤပညတ်သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော်မူသော လင်ခန်းမယားခန်း ဓမ္မသတ်တော်တည်း၊ အလ္လာဟ် အရှင်မြတ်သည် သင်တို့၏ အလယ်ကြားတွင် တရားကို မှန်ကန်စွာဆုံးဖြတ်စီရင်တော်မူ၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောသဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထံ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော မိန်းမများသည် ရွှေ့ပြောင်း၍ လာခဲ့ကြသောအခါ အသင်တို့သည် ၎င်းတို့အား စမ်းသပ်စစ်ဆေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ "အီမာန်" သက်ဝင်ယုံကြည်မှုကို ကောင်းမွန်စွာ သိရှိတော်မူ၏။ သို့ဖြစ်ရကား အကယ်၍ အသင်တို့သည် ၎င်းတို့ "မုအ်မင်န်" သက်ဝင်ယုံကြည်သော မိန်းမများဖြစ်ကြောင်းကို ကောင်းမွန်စွာ သိရှိခဲ့ကြရသောအခါ အသင်တို့သည် ၎င်းတို့အား "ကာဖိရ်" များထံသို့ ပြန်၍ မပို့ကြကုန်လင့်။၎င်းတို့မှာလည်း ထို"ကာဖိရ်" တို့အဖို့ (ဟလာလ်) တရားဝင်ကြသည် မဟုတ်ပေ။ ထို ကာဖိရ်များမှာလည်း ၎င်းတို့အဖို့(ဟလာလ်)တရားဝင်ကြသည် မဟုတ်ပြီ။ သို့ရာတွင် အသင်တို့သည် ထို’ကာဖိရ်’များအား ၎င်းတို့ အကုန်အကျခံခဲ့ကြသည်များကို ပေးဆပ်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ "မဟ်ရ်" ထိမ်းမြားကြေးများကို ပေးဆပ်ကြလျှင် ၎င်းတို့နှင့် နိကာဟ်ထိမ်းမြားခြင်းမှာ အသင်တို့၌ အပြစ်မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် ‘ကာဖိရ်’မိန်းမများ၏ ဂုဏ်အသရေကို သိမ်းပိုက်၍ မထားကြကုန်လင့်။ ၎င်းပြင် အသင်တို့သည်လည်း မိမိတို့ အကုန်အကျခံခဲ့ကြသည်များကို (‘ကာဖိရ်’များထံမှ) တောင်း၍ ယူကြလေကုန်။ ၎င်းတို့သည်လည်း မိမိတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)တောင်း၍ ယူကြရပေမည်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ စီရင် ပြဋ္ဌာန်းချက်ပင်။ ထိုအရှင်မြတ်သည် အသင်တို့၏အကြားဝယ် စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့ထံသို့ အီမာန်ယုံကြည်သူ အမျိုးသမီးများသည် ‌ရွှေ့‌ပြောင်းလာခဲ့ကြ‌သောအခါ အသင်တို့သည် သူမတို့အား စမ်းသပ်စစ်‌ဆေး ကြပါ။ ###၆ လ္လာဟ်အရှင်မြတ်သည် သူမတို့၏အီမာန်ယုံကြည်မှုကိုအသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာအကယ်၍အသင်တို့အ‌နေနှင့် သူမတို့သည် အီမာန်ယုံကြည်‌သောအမျိုးသမီးများဖြစ်သည် ဆိုသည်ကို သိရှိခဲ့ကြသည့်အခါ အသင်တို့သည် သူမတို့အား ကာဖိရ်များထံ ပြန်မပို့ကြနှင့်။ သူမတို့သည်လည်း ထိုကာဖိရ် များအတွက် တရားမဝင် ‌တော့‌ပေ။ ကာဖိရ်များကလည်း သူမတို့အတွက် တရားမဝင်‌တော့‌ပေ။ သို့ရာတွင် အသင်တို့သည် ထိုကာဖိရ်များကုန်ကျခံခဲ့သည်များကိုမူ ‌ပေးဆပ်လိုက်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် သူမတို့အား သူမတို့၏ (လက်ထပ်ရန်သ‌ဘောတူထား‌သော)မဟရ်ပစ္စည်းများကို ‌ပေးဆပ်ကြလျှင် သူမတို့နှင့် နိကာဟ် ထိမ်းမြားခြင်း၌ အသင်တို့အ‌ပေါ်မည်သည့်အပြစ်မျှမရှိ‌ပေ။ ###၇ ထို့ပြင် အသင်တို့သည် ကာဖိရ်မိန်းမများ၏ ဂုဏ်အသ‌ရေကို သိမ်းပိုက်မထားကြနှင့်။ ထို့ပြင် အသင်တို့သည်လည်း အသင်တို့ ကုန်ကျခံခဲ့ကြ သည်များကို (ထိုကာဖိရ်များထံမှ) ‌တောင်းယူကြပါ။ သူတို့သည်လည်း သူတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)‌တောင်းယူကြရမည်ဖြစ်သည်။ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့၏ ကြားတွင် စီရင်ပြဋ္ဌာန်း‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek