Quran with Burmese translation - Surah Al-Mumtahanah ayat 11 - المُمتَحنَة - Page - Juz 28
﴿وَإِن فَاتَكُمۡ شَيۡءٞ مِّنۡ أَزۡوَٰجِكُمۡ إِلَى ٱلۡكُفَّارِ فَعَاقَبۡتُمۡ فَـَٔاتُواْ ٱلَّذِينَ ذَهَبَتۡ أَزۡوَٰجُهُم مِّثۡلَ مَآ أَنفَقُواْۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ أَنتُم بِهِۦ مُؤۡمِنُونَ ﴾
[المُمتَحنَة: 11]
﴿وإن فاتكم شيء من أزواجكم إلى الكفار فعاقبتم فآتوا الذين ذهبت أزواجهم﴾ [المُمتَحنَة: 11]
Ba Sein ၁၁။ သင်တို့မိန်းမများအနက် တစ်စုံတစ်ယောက်သောမိန်းမသည် မိစ္ဆာဒိဋ္ဌိထံသို့ ထွက်ပြေးသွား၏၊ ထိုမိန်းမအစား အခြားမိန်းမတစ်ယောက်ကို မယုံကြည်သူတို့ထံမှ ရရှိ၏၊ ထိုအခါလင်ယောကျာ်းတို့အား ထိုထွက်ပြေးသော မိန်းမတို့ကို ပေးသောခန်းဝင်ပစ္စည်း၏ တန်ဖိုးနှင့်ထပ်တူထပ်မျှပြန်ပေးကြလော့၊ သင်တို့သည် မိမိတို့သက်ဝင် ယုံကြည်သောအလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။ |
Ghazi Mohammad Hashim သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမများထဲမှ တစ်ဦးဦးသည် ကာဖိရ်များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့်ရောက်ခဲ့လျှင် (အသင်တို့တွင် စစ်တိုက်သည့် အခါ သုံ့ပန်းပစ္စည်းရခဲ့လျှင်၊ ထိုအထဲမှ) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသည့်သူများအား သူတို့အကုန်အကျခံခဲ့ကြသည့်(မဟရ်)နှင့်အညီအမျှ အသင်တို့ ပေးဆပ်ကြပါ။###၈ ထို့ပြင် အသင်တို့ယုံကြည်ကြသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ |