Quran with Burmese translation - Surah Al-Mumtahanah ayat 9 - المُمتَحنَة - Page - Juz 28
﴿إِنَّمَا يَنۡهَىٰكُمُ ٱللَّهُ عَنِ ٱلَّذِينَ قَٰتَلُوكُمۡ فِي ٱلدِّينِ وَأَخۡرَجُوكُم مِّن دِيَٰرِكُمۡ وَظَٰهَرُواْ عَلَىٰٓ إِخۡرَاجِكُمۡ أَن تَوَلَّوۡهُمۡۚ وَمَن يَتَوَلَّهُمۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ﴾
[المُمتَحنَة: 9]
﴿إنما ينهاكم الله عن الذين قاتلوكم في الدين وأخرجوكم من دياركم وظاهروا﴾ [المُمتَحنَة: 9]
Ba Sein ၉။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့ကို သာသနာ့အရေးကြောင့် စစ်ထိုး သောသူကို လည်းကောင်း၊ မိမိတို့အား အိမ်နေရာမှ နှင်ထုတ်သူကို လည်းကောင်း၊ ထိုနှင်ထုတ်ခြင်းကို ကူညီအားပေးသောသူကိုလည်းကောင်း၊ ထိုသူတို့ကိုသာလျှင် မိတ်မဖွဲ့ရန် ပညတ်တော်မူ၏၊ ထိုမိစ္ဆာဒိဋ္ဌိတို့နှင့် မိတ်ဖွဲ့သောသူတို့သည် ဒုစရိုက်မှုကျုးလွန်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim (စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို တိုက်ခိုက်ခဲ့ကြသည့်ပြင် အသင်တို့အား အသင်တို့၏နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့်စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ယိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint (အမှန်စင်စစ်)အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဤသူများ(နှင့် မိတ်ဆွေဖွဲ့ခြင်း)မှ တားမြစ်တော်မူခြင်းဖြစ်သည်။ ဤသူများသည် သာသနာနှင့် ပတ်သက်၍ အသင် တို့အား တိုက်ခိုက်ခဲ့ကြသည့်အပြင်အသင်တို့အား အသင်တို့၏ နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြသည်။ ထို့ပြင်အသင်တို့အား နှင်ထုတ်မှုနှင့်ပတ်သက်၍ (သူတစ်ပါးကိုလည်း) ရိုင်းပင်းကူညီခဲ့ကြသည်။ ထို့နောက် မည်သူမဆို သူတို့အား မိတ်ဆွေ ပြုလုပ်လျှင် ထိုသူများပင် မတရားသူများဖြစ်ကြသည်။###၅ |