Quran with Burmese translation - Surah As-saff ayat 14 - الصَّف - Page - Juz 28
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُوٓاْ أَنصَارَ ٱللَّهِ كَمَا قَالَ عِيسَى ٱبۡنُ مَرۡيَمَ لِلۡحَوَارِيِّـۧنَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِۖ فَـَٔامَنَت طَّآئِفَةٞ مِّنۢ بَنِيٓ إِسۡرَٰٓءِيلَ وَكَفَرَت طَّآئِفَةٞۖ فَأَيَّدۡنَا ٱلَّذِينَ ءَامَنُواْ عَلَىٰ عَدُوِّهِمۡ فَأَصۡبَحُواْ ظَٰهِرِينَ ﴾
[الصَّف: 14]
﴿ياأيها الذين آمنوا كونوا أنصار الله كما قال عيسى ابن مريم للحواريين﴾ [الصَّف: 14]
Ba Sein ၁၄။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မရ်ယမ်၏သား တမန်တော်အီစာ၏ အသင်းသားကဲ့သို့ အလ္လာဟ်အရှင်မြတ်အား ကူညီသူများဖြစ်ကြစေကုန်၊ တမန်တော်အီစာသည် မိမိတပည့်သာဝကတော်တို့အား အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အတွက် ငါ့အား စောင်မမည့်သူအဘယ်သူနည်းဟု မေးရာ တပည့်သာဝကတော်တို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ထောက်ပံ့သူဖြစ်ပါသည်ဟု ဆိုကြကုန်၏၊ ထို့နောက် အစ္စရာအီလ် အမျိုးသားအချို့အဝက်သည် ယုံကြည်ကြ၏၊ ကျန်အမျိုးသားတို့မူကား မယုံကြည်ကြချေ၊ သို့ဖြစ်၍ ငါသည် ယုံကြည်သူတို့အား အင်အားဖြည့်တင်းတော်မူ၏၊ ထို့ကြောင့်သူတို့သည် မိမိတို့ရန်သူများကို နှိမ်နင်းအောင်မြင်ကြ၏၊ |
Ghazi Mohammad Hashim အို- 'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘မရ်ယမ်’၏သားတော် (နဗီ တမန်တော်'အီစာ')က ‘ဟဝါရီ’တို့အား ပြောကြားဘိသကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်(၏'ဒီန်'သာသနာတော်)ကို ကူညီသူများပင် ဖြစ်ကြလေကုန်။ (မရ်ယမ်၏သားတော် ‘အီစာ’ က ‘ဟဝါရီ’ တို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ငါ့အား မည်သူများကူညီမည်နည်း(ဟုပြောကြားခဲ့ရာ) ‘ဟဝါရီ’ တို့က အလ္လာဟ်အရှင်မြတ်(၏ ‘ဒီန်’သာသနာတော်)ကို ကျွန်ုပ်တို့ကူညီကြပါမည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် အစ္စရာအီလီမျိုးနွယ်ဝင်တို့အနက် လူတစ်စုမှာ သက်ဝင်ယုံကြည်ခဲ့ကြ၍ လူတစ်စုမှာ သွေဖည်ငြင်းပယ်ခဲ့ကြလေ၏။ ထိုအခါ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား ၎င်းတို့၏ ရန်သူများအပေါ်၌ ကူညီစောင်မတော်မူခဲ့ပေရာ ၎င်းတို့မှာ အောင်နိုင်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မရ်ယမ်၏သားတော် (တမန်တော်)အီစာက ဟဝါရီ (အဝတ်လျှော်သူ)များအား ပြောကြားခဲ့သကဲ့သို့ အလ္လာဟ်အရှင်မြတ် အား ကူညီသူများဖြစ်ကြပါ။ (မရ်ယမ်၏သားအီစာက ဟဝါရီများကို) အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ငါ့အားမည်သူကူညီမည်နည်း(ဟု မေးခဲ့သောအခါ) ဟဝါရီများက ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကူညီမည့်သူများ ဖြစ်ကြပါသည်ဟု ပြောဆိုခဲ့ကြသည်။ ###၇ ထို့နောက် အစ္စရာအီလ် မျိုးနွယ်ဝင်များထဲမှ လူတစ်စုသည် အီမာန် ယုံကြည်ခဲ့ကြပြီး လူတစ်စုသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယုံကြည်သူများအား သူတို့၏ ရန်သူများနှင့်ဆန့်ကျင်၍ ကူညီတော်မူခဲ့သည့်အတွက် သူတို့သည် အောင်နိုင်ခဲ့ကြသည်။ ###၈ |