Quran with Burmese translation - Surah Al-Jumu‘ah ayat 11 - الجُمعَة - Page - Juz 28
﴿وَإِذَا رَأَوۡاْ تِجَٰرَةً أَوۡ لَهۡوًا ٱنفَضُّوٓاْ إِلَيۡهَا وَتَرَكُوكَ قَآئِمٗاۚ قُلۡ مَا عِندَ ٱللَّهِ خَيۡرٞ مِّنَ ٱللَّهۡوِ وَمِنَ ٱلتِّجَٰرَةِۚ وَٱللَّهُ خَيۡرُ ٱلرَّٰزِقِينَ ﴾
[الجُمعَة: 11]
﴿وإذا رأوا تجارة أو لهوا انفضوا إليها وتركوك قائما قل ما عند﴾ [الجُمعَة: 11]
Ba Sein ၁၁။ အို-တမန်တော်၊ ဤသူများသည် ရောင်းဝယ်ဖောက်ကားခြင်း၊ သို့မဟုတ်ကစားခုန်စားပျော်ရွှင်မှုများကို မြင်ရ သည်နှင့်တပြိုင်နက် သင့်ကို ရပ်လျက် ပစ်ထားခဲ့၍ ထွက်ခွာသွားကြ၏၊ ထိုသူတို့အား အချင်းတို့၊ အလ္လာဟ် အရှင်မြတ်အထံတော်ရှိသောကောင်းကြီးမင်္ဂလာတော်သည် ရောင်းဝယ်ဖောက်ကားခြင်း၊ ကစားခုန်စားပျော်ရွှင်ခြင်း တို့ထက် သာလွန်ကောင်းမွန်၏ ၊ အလ္လာဟ်အရှင်မြတ်သည် ပေးကမ်းစွန့်ကြဲသူအပေါင်းတို့တွင် အထွဋ်အခေါင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ထိုသူတို့သည် အရောင်းအဝယ်၊ ရောင်းကုန်ဝယ်ကုန်ကို သော်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲကို သော်လည်းကောင်း၊ တွေ့မြင်ခဲ့ကြလေသောအခါ အသင့်အား မတ်တတ်ရပ်လျက် ထားခဲ့ပြီးလျှင် ယင်းရောင်းကုန်ဝယ်ကုန် သို့မဟုတ် ပျော်ပွဲ ရွှင်ပွဲရှိရာသို့ ကစဉ့်ကလျားပြေး၍ သွားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှိသောအရာသည် ရောင်းကုန်ဝယ်ကုန်ထက်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲထက်လည်းကောင်း၊ မွန်မြတ်လှပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ရိက္ခာချီးမြှင့် တော်မူသော အကောင်းဆုံးသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့သည် ရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် ပျော်ပွဲရွှင်ပွဲကိုတွေ့မြင်ခဲ့ကြသည့်အခါ အသင့်အား မတ်တတ်ရပ်လျက်ထားခဲ့၍ ထိုဘက်သို့ အပြေးအလွှား သွားခဲ့ ကြသည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှိသည့်အရာသည် ပျော်ပွဲရွှင်ပွဲ ထက်သာမက အရောင်းအဝယ်ထက်လည်း ပိုကောင်းသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ရိက္ခာချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူသည်။ ###၄ |