Quran with Burmese translation - Surah Al-Jumu‘ah ayat 10 - الجُمعَة - Page - Juz 28
﴿فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُواْ فِي ٱلۡأَرۡضِ وَٱبۡتَغُواْ مِن فَضۡلِ ٱللَّهِ وَٱذۡكُرُواْ ٱللَّهَ كَثِيرٗا لَّعَلَّكُمۡ تُفۡلِحُونَ ﴾
[الجُمعَة: 10]
﴿فإذا قضيت الصلاة فانتشروا في الأرض وابتغوا من فضل الله واذكروا الله﴾ [الجُمعَة: 10]
Ghazi Mohammad Hashim ထို့နောက် ‘ဆွလာတ်’ ဝတ်ပြုမှု ပြီးဆုံးခဲ့သောအခါ အသင်တို့သည် ပထဝီမြေဝယ် အနှံ့အပြား သွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူး တော်တည်းဟူသော ရိက္ခာကို ဖွေရှာဆည်းပူးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ တသ သတိရလျက် ရှိကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန် အံ့သတည်း။ |
Hashim Tin Myint ထို့နောက် စွလာသ်ဝတ်ပြုမှု ပြီးဆုံးသွားသည့်အခါ အသင်တို့သည် ကမ္ဘာမြေတွင် အနှံ့အပြားသွားလာကြပြီး အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ရိက္ခာကို ရှာဖွေဆည်းပူး ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အောင်မြင်ရန်အတွက်အလ္လာဟ် အရှင်မြတ်အား များစွာသတိရတသကြပါ။###၃ |