×

سورة الجمعة باللغة البورمية

ترجمات القرآنباللغة البورمية ⬅ سورة الجمعة

ترجمة معاني سورة الجمعة باللغة البورمية - Burmese

القرآن باللغة البورمية - سورة الجمعة مترجمة إلى اللغة البورمية، Surah Jumuah in Burmese. نوفر ترجمة دقيقة سورة الجمعة باللغة البورمية - Burmese, الآيات 11 - رقم السورة 62 - الصفحة 553.

بسم الله الرحمن الرحيم

يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ الْمَلِكِ الْقُدُّوسِ الْعَزِيزِ الْحَكِيمِ (1)
မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည် (ထိုအရှင်မြတ်၏စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထိုအရှင်မြတ်သည် အချုပ်အခြာအာဏာ အလုံးစုံကိုပိုင်ဆိုင်တော်မူသောအရှင်၊ စင်ကြယ် သန့်ရှင်း၍ အပြစ်အနာအဆာဟူသမျှမှ ပကတိ ကင်းရှင်းတော်မူသောအရှင်၊ လူသားတို့အား ဂုဏ်ဩဇာများချီး မြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا مِّنْهُمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِن كَانُوا مِن قَبْلُ لَفِي ضَلَالٍ مُّبِينٍ (2)
အရှင်မြတ်သည်ပင် သူတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယသ်သကသေလက္ခဏာတော်များကို ဖတ်ကြား သွန်သင်ပြီး (ရုပ်နာမ်ဆိုင်ရာ မှားယွင်းသော ယုံကြည်မှု၊ လမ်းစဥ်၊ အတွေးအခေါ်နှင့်အယူအဆတို့မှ) စင်ကြယ်သန့်ရှင်းစေသည့်အပြင် ကျမ်းတော်နှင့်ဥာဏ်အမြော်မြင်သင်ကြားပို့ချစေတော်မူရန် (အရှင်မြတ်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့်) စာပေအတတ်ပညာကို မသင်ယူခဲ့ဖူးသောပုဂ္ဂိုလ်များအနက်မှ အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေလွှတ်တော်မူခဲ့၏။ အမှန်စင်စစ်၊ သူတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြ ၏။
وَآخَرِينَ مِنْهُمْ لَمَّا يَلْحَقُوا بِهِمْ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ (3)
ထို့ပြင် (ထိုအရှင်မြတ်က တမန်တော်အား စေလွှတ်တော်မူခြင်းသည် ထိုစဥ်က ယဥ်းကျေးမှု မထွန်းကားသေးသည့် အာရဗ်များအတွက်သာမကာ ကမ္ဘာအနှံ့ရှိ လူသားများအနက်မှ ယုံကြည်ကိုးကွယ်မှုအရ) သူတို့နှင့်လာရောက် မပူးပေါင်း သေးကြသော အခြား (သောပုဂ္ဂိုလ်အားလုံး) အတွက်လည်း ဖြစ်၏။ စင်စစ်သော်ကား၊ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီး မြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အနန္တအမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ (4)
ထို (သို့စေလွှတ်တော်မူခြင်း) သည်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးခြင်းပင် ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍) ကြီးကျယ်သော ကျေးဇူးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
مَثَلُ الَّذِينَ حُمِّلُوا التَّوْرَاةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ الْحِمَارِ يَحْمِلُ أَسْفَارًا ۚ بِئْسَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ (5)
တောင်ရာတ်ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်အပ်နှံခြင်းခံခဲ့ကြရပြီးနောက် ယင်းကျမ်းတော်ဆိုင်ရာ (တာဝန်များကို ဘဝဆောက်တည်ရာ၌ ကျင့်သုံးခြင်းမရှိဘဲ ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာသည်ကား (ဝန်ထုပ်ဝန်ပိုးများကိုသာ ထမ်းရွက်ပြီး ထိုဝန်ထုပ်နှင့်စပ်လျဥ်း၍ နားလည်နိုင်စွမ်းမရှိသော) ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းသတ္တဝါနှင့်အလားသဏ္ဌန်တူ၏။ အလ္လာဟ်အရှင်မြတ်၏အာ ယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ထိုလူမျိုးတို့၏ဥပမာသည်ကား လွန်စွာပင် ယုတ်ညံ့ဆိုးဝါး လှပေ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။
قُلْ يَا أَيُّهَا الَّذِينَ هَادُوا إِن زَعَمْتُمْ أَنَّكُمْ أَوْلِيَاءُ لِلَّهِ مِن دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِن كُنتُمْ صَادِقِينَ (6)
(အို၊ ရစူလ်တမန်တော် သူတို့အား) “အို၊ ဂျူးအပေါင်းတို့၊ အကယ်၍ သင်တို့သည် အခြားလူသား အားလုံးမှလွဲ၍ သင်တို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ (ရွေးချယ်တော်မူခြင်းခံရ၍ အထူးဂုဏ်မျက်နှာ သာပေးခြင်းခံရသောမိတ်ဆွေတော် ဝလီ) သူတော်စင်များ ဖြစ်ကြောင်း (ထင်မှတ်လျက် ကြွေးကြော်နေ ကြသော) သင်တို့၏ကြွေးကြော်ချက် မှန်ကန်လျှင်၊ အကယ်၍ သင်တို့သည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူပြောဆိုသောသော) သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ (အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ အသက်စွန့် ရုန်းကန် လျက်) မရဏသေ ခြင်းတရားကို (ပြင်းပြသောဆန္ဒဖြင့်) လိုလားတောင့်တကြလော့။” ဟု ဟောပြောလော့။
وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ (7)
သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (ပြုမူကျင့်ကြံ၍ နောင်တမလွန်၌ အရေးယူခံကြရရန်) ကြိုတင်ပို့နှင့်ခဲ့သောကျင့်ဆောင်မှုတို့ကြောင့် ယင်းမရဏသေခြင်းတရားကို မည်သည့်အခါမျှပင် (ဆန္ဒပြင်းပြလျက်) လိုလားတောင့်တကြမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့နှင့်ပတ်သက်၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ (8)
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ဧကန်ပင်၊ သင်တို့သည် ယင်း (သေခြင်းတရား) မှ တွက်ပြေးတိမ်း ရှောင်လိုသော်လည်း သေခြင်းတရားဟူသည် သင်တို့က ဧကန်မုချပင် ရင်ဆိုင်ကြုံတွေ့ရမည့်အရာပင် ဖြစ်၏။ ထို့နောက် သင်တို့အား “မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်လူသားတို့၏ပြုမူဆောင်ရွက်ချက်အလုံးစုံအတွက် မျက်မြင်သက်သေဖြစ်တော်မူသော အရှင်မြတ်၏ထံတော်သို့ ပြန်လည်ရောက် ရှိစေတော်မူပြီး သင်တို့လောကီဘဝ၌ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို (သင်တို့အား) ထုတ်ဖော်မိန့်ကြားတော်မူ၍ (စစ်ဆေးစီရင်တော်မူမည်ဖြစ်ကြောင်း) သိစေတော်မူလိမ့်မည်။” ဟု ဟောကြားလော့။
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِن يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَذَرُوا الْبَيْعَ ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ (9)
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သောကြာနေ့တွင် စုပေါင်းဆွလာသ်ဝတ်ပြုမှုအတွက် (အဇာန်သံ ပေး၍) ဖိတ်ခေါ်ခြင်းခံရသောအခါ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရာ (နေရာဖြစ်သော ဗလီဝတ်ကျောင်းတော်) သို့ မဆိုင်းမတွ၊ အဆောတလျင် သွားကြလော့။ ထို့ပြင် သင်တို့သည် ကုန်သွယ်စီးပွားရောင်းဝယ်မှု (နှင့်အလုပ်ရှုပ်နေခြင်း) ကိုလည်း (ခဏတစ်ဖြုတ်) ရပ်နားလွတ်ထားကြလော့။ အကယ်၍ သင်တို့ သိနားလည်ကြလျှင် ထိုသို့လုပ်ခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးပင် ဖြစ်၏။
فَإِذَا قُضِيَتِ الصَّلَاةُ فَانتَشِرُوا فِي الْأَرْضِ وَابْتَغُوا مِن فَضْلِ اللَّهِ وَاذْكُرُوا اللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ (10)
ထို့နောက် ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းများနှင့်အညီ ဆောက်တည်မြဲ) ခြင်းအား အပြီးသတ် ပြီးဆုံးလေသောအခါ သင်တို့သည် မြေကမ္ဘာ၌ နေရာအနှံ့ သွားလာလှုပ်ရှားလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သည့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းရည်များ၊ စွမ်းအင်များ နှင့်အရှင့်နိယာမတရားများမှ ရိက္ခာအထောက်အပံ့များ) ကို ရှာဖွေရယူကြလော့။ ထို့ပြင် သင်တို့သည် ပေါက် မြောက်အောင်မြင်ရရှိနိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်အား မြောက်မြားစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။
وَإِذَا رَأَوْا تِجَارَةً أَوْ لَهْوًا انفَضُّوا إِلَيْهَا وَتَرَكُوكَ قَائِمًا ۚ قُلْ مَا عِندَ اللَّهِ خَيْرٌ مِّنَ اللَّهْوِ وَمِنَ التِّجَارَةِ ۚ وَاللَّهُ خَيْرُ الرَّازِقِينَ (11)
စင်စစ်သော်ကား (ဖြစ်လေ့ဖြစ်ထ ရှိကြသည်မှာ) သူတို့သည် လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များကို ရယူခံစားနိုင်သော ကုန်သွယ်စီးပွားရောင်းဝယ်မှု သို့တည်းမဟုတ် ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများကို တွေ့မြင်ကြသည့်အခါ (ကတိုက်ကရိုက် ဆင်ကန်းတောတိုးသကဲ့သို့) အပြေးအလွှားသွားကြလျက် အသင် (တမန်တော်) အား တစ်ဦးတည်း ရပ်တည်နေသူ (တရားဟောနေသူ) အဖြစ် ချန်ထားခဲ့ကြလေ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) “အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာသည် (သူတို့၏) ကုန်သွယ်စီးပွားရောင်း ဝယ်မှုထက်လည်းကောင်း၊ ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများထက်လည်းကောင်း ပိုမို၍ ကောင်းမြတ်လှပေ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံးသောရိက္ခာအထောက်အပံ့များကို ချီးမြှင့်ပေးအပ်တော်မူသည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။
❮ السورة السابقة السورة التـالية ❯

قراءة المزيد من سور القرآن الكريم :

1- الفاتحة2- البقرة3- آل عمران
4- النساء5- المائدة6- الأنعام
7- الأعراف8- الأنفال9- التوبة
10- يونس11- هود12- يوسف
13- الرعد14- إبراهيم15- الحجر
16- النحل17- الإسراء18- الكهف
19- مريم20- طه21- الأنبياء
22- الحج23- المؤمنون24- النور
25- الفرقان26- الشعراء27- النمل
28- القصص29- العنكبوت30- الروم
31- لقمان32- السجدة33- الأحزاب
34- سبأ35- فاطر36- يس
37- الصافات38- ص39- الزمر
40- غافر41- فصلت42- الشورى
43- الزخرف44- الدخان45- الجاثية
46- الأحقاف47- محمد48- الفتح
49- الحجرات50- ق51- الذاريات
52- الطور53- النجم54- القمر
55- الرحمن56- الواقعة57- الحديد
58- المجادلة59- الحشر60- الممتحنة
61- الصف62- الجمعة63- المنافقون
64- التغابن65- الطلاق66- التحريم
67- الملك68- القلم69- الحاقة
70- المعارج71- نوح72- الجن
73- المزمل74- المدثر75- القيامة
76- الإنسان77- المرسلات78- النبأ
79- النازعات80- عبس81- التكوير
82- الإنفطار83- المطففين84- الانشقاق
85- البروج86- الطارق87- الأعلى
88- الغاشية89- الفجر90- البلد
91- الشمس92- الليل93- الضحى
94- الشرح95- التين96- العلق
97- القدر98- البينة99- الزلزلة
100- العاديات101- القارعة102- التكاثر
103- العصر104- الهمزة105- الفيل
106- قريش107- الماعون108- الكوثر
109- الكافرون110- النصر111- المسد
112- الإخلاص113- الفلق114- الناس