Quran with Burmese translation - Surah Al-Jumu‘ah ayat 4 - الجُمعَة - Page - Juz 28
﴿ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ﴾
[الجُمعَة: 4]
﴿ذلك فضل الله يؤتيه من يشاء والله ذو الفضل العظيم﴾ [الجُمعَة: 4]
Ba Sein ၄။ ယင်းကဲ့သို့စေလွှတ်တော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်တည်း၊ အရှင်မြတ်သည် ချီးမြှင့်လိုတော်မူသောသူကို ကောင်းကြီးမင်္ဂလာတော်နှင့် ချီးမြှင့်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တကောင်းကြီး မင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူအား ထိုကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ |