Quran with Burmese translation - Surah Al-Jumu‘ah ayat 5 - الجُمعَة - Page - Juz 28
﴿مَثَلُ ٱلَّذِينَ حُمِّلُواْ ٱلتَّوۡرَىٰةَ ثُمَّ لَمۡ يَحۡمِلُوهَا كَمَثَلِ ٱلۡحِمَارِ يَحۡمِلُ أَسۡفَارَۢاۚ بِئۡسَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[الجُمعَة: 5]
﴿مثل الذين حملوا التوراة ثم لم يحملوها كمثل الحمار يحمل أسفارا بئس﴾ [الجُمعَة: 5]
Ba Sein ၅။ တောင်ရသ်ကျမ်းတော်ကို ရလျက် မသုံးသောသူတို့သည် စာအုပ်များကို ကျောက်တုံးပေါ်ထက် ထမ်းရွက်ထား သောမြည်းတိရိစ္ဆာန်နှင့်တူ၏၊ အလ္လာဟ်အရှင်မြတ်၏ ဓမ္မစက်ကို ငြင်းပယ်သောသူတို့၏ ပမည်းပမာသည် အလွန်ဆိုးသွမ်းညစ်ညမ်းသောပမည်းပမာတည်း၊ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုပြုကျင့်သူတို့အား လမ်းပြ တော်မမူချေ။ |
Ghazi Mohammad Hashim ‘တောင်ရာတ်’ ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်ပေးခြင်းကို ခံခဲ့ကြရပြီးနောက် ယင်း ‘တောင်ရာတ်’ကျမ်းတော်ကို (တာဝန်ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာကား ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းတိရစ္ဆာန်၏ ဥပမာကဲ့သို့ပင်၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသော လူမျိုး၏ဥပမာကား လွန်စွာ ယုတ်ညံ့လှပေ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။ |
Hashim Tin Myint သောင်ရာသ်ကျမ်းတော်မြတ်နှင့် ပတ်သက်၍ တာဝန်ပေးခြင်းခံခဲ့ကြရပြီးနောက် ထိုကျမ်းတော်မြတ်ကို (တာဝန်ကျေအောင်)ထမ်းဆောင်ခြင်း မရှိခဲ့ကြသည့်သူများ၏ ပမာ သည် ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိနေသော မြည်းတိရစ္ဆာန်နှင့်တူသည်။ အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကိုမဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်လူမျိုး ၏ပမာသည် အဘယ်မျှယုတ်ညံ့လိုက်သနည်း။ ###၁ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားသူများကို လမ်းမှန်သို့ ပို့ဆောင်ပေးတော်မမူပေ။ |