Quran with Burmese translation - Surah Al-Munafiqun ayat 11 - المُنَافِقُونَ - Page - Juz 28
﴿وَلَن يُؤَخِّرَ ٱللَّهُ نَفۡسًا إِذَا جَآءَ أَجَلُهَاۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴾
[المُنَافِقُونَ: 11]
﴿ولن يؤخر الله نفسا إذا جاء أجلها والله خبير بما تعملون﴾ [المُنَافِقُونَ: 11]
Ba Sein ၁၁။ အမှန်မှာ ၄င်း၏ အချိန်စေ့သောအခါ မည်သည့်ဝိညာဉ်ကိုမှ အလ္လာဟ်သည် အချိန်အနည်းငယ်မျှပိုမိုပေးတော် မမူချေ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်မှုများကို လုံးဝဥဿံုသိတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၎င်းနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူသည် မဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူ၏အချိန်ကျရောက်လာခဲ့လျှင် ဆိုင်းငံ့ခွင့်လုံးဝပေးတော်မမူပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ |