Quran with Burmese translation - Surah Al-Qalam ayat 29 - القَلَم - Page - Juz 29
﴿قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ ﴾
[القَلَم: 29]
﴿قالوا سبحان ربنا إنا كنا ظالمين﴾ [القَلَم: 29]
Ba Sein ၂၉။ ထိုအခါသူတို့က အကျွနု်ပ်တို့၏ အရှင်သခင်သည် ဇာတိကပတိအားဖြင့် ကုံလုံမွန်မြတ် အံ့ချီးမဆုံးဖြစ်တော်မူပါ၏၊ အကျွနု်ပ်တို့မှာမူကား မကောင်းမှု ကျူးလွန်သူများ မုချဧကန်ဖြစ်ကြပြီဟု ဆိုကြ၏။ |
Ghazi Mohammad Hashim (ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပါသည်ဟု မြွက်ဆိုခဲ့ကြကုန်၏။ |
Hashim Tin Myint သူတို့က ပြောကြသည်-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင်မတရားသူများဖြစ်ကြပါသည်။ |