×

သူတို့အနက် မျှတဖြောင့်မတ်၍ သမာဓိရှိသူက ''ကျွန်ုပ်သည် သင်တို့အား (ယခင်ကတည်းက သတိပေး နှိုးဆော်) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု) သင်တို့သည် 68:28 Burmese translation

Quran infoBurmeseSurah Al-Qalam ⮕ (68:28) ayat 28 in Burmese

68:28 Surah Al-Qalam ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qalam ayat 28 - القَلَم - Page - Juz 29

﴿قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ ﴾
[القَلَم: 28]

သူတို့အနက် မျှတဖြောင့်မတ်၍ သမာဓိရှိသူက ''ကျွန်ုပ်သည် သင်တို့အား (ယခင်ကတည်းက သတိပေး နှိုးဆော်) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု) သင်တို့သည် ထိုအရှင်မြတ်က (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း၊ သက်ရှိအားလုံးအတွက် ရိက္ခာအထောက်အပံ့များ၊ ထောက်ပံ့ တော်မူကြောင်း၊ ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူပြီး ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူကြောင်းအား ဝန်ခံလျက်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြနိုင်မည်လော။” ဟု ပြောခဲ့၏။

❮ Previous Next ❯

ترجمة: قال أوسطهم ألم أقل لكم لولا تسبحون, باللغة البورمية

﴿قال أوسطهم ألم أقل لكم لولا تسبحون﴾ [القَلَم: 28]

Ba Sein
၂၈။ သို့သော် သူတို့အထဲက အခြားသူများထက် ဖြောင့်မတ်သောသူက ပြောဆိုသည်မှာ သင်တို့သည် အလ္လာဟ် အရှင်မြတ်အား အဘယ်ကြောင့်မချီးကျူး မတသ သနည်းဟု ငါမပြောခဲ့ဘူးလော။
Ghazi Mohammad Hashim
၎င်းတို့အနက် အလယ်အလတ်၊ အကောင်းဆုံး၊ဖြစ်သူက "ကျွန်ုပ် အသင်တို့အား (စောစောကပင် သတိပေးစကား) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု)အသင်တို့သည် မည်သည့်အတွက်ကြောင့် (အလ္လာဟ်အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုခြင်းမပြုကြပါသနည်း" ဟု ပြောဆိုခဲ့လေ၏။
Hashim Tin Myint
သူတို့ထဲမှ မျှတစွာရှိသူက “ကျွန်ုပ်အသင်တို့အား (ယခင်ကတည်းကသတိ‌ပေး)‌ပြောကြားခဲ့သည်မဟုတ်‌လော။ အသင်တို့သည် အဘယ့်‌ကြောင့် (အလ္လာဟ်အရှင်မြတ်)စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း မ‌ပြောဆိုကြသနည်း” ဟု ‌ပြောဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek