Quran with Burmese translation - Surah Al-Qalam ayat 51 - القَلَم - Page - Juz 29
﴿وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٞ ﴾
[القَلَم: 51]
﴿وإن يكاد الذين كفروا ليزلقونك بأبصارهم لما سمعوا الذكر ويقولون إنه لمجنون﴾ [القَلَم: 51]
Ba Sein ၅၁။ အို-တမန်တော်၊ သူတို့သည် သတိပေးကျမ်းတော်မြတ်ကို ကြားနာရသောအခါ မယုံကြည်သောသူတို့သည်မိမိတို့မျက်စိအားဖြင့် သင့်အား စိတ်မတည်မငြိမ်ဖြစ်အောင် မုချဧကန်ပြုကြလတံ့၊ ထို့အပြင်သူတို့က ရှင်မုဟမ္မဒ်သည် ရူးသွပ်သူအမှန်အကန်ဖြစ်၏ဟု ဆိုကြလတံ့။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ဧကန်မလွဲ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသောအခါ ၎င်းတို့၏ မျက်စိများဖြင့် အသင့်အား ချွတ်ချော်စေအံ့ဆဲဆဲ ဖြစ်ကြလေ၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်အမှန် ဤသူသည် ရူးသွပ်နေသည်ဟု ပြောဆိုကုန်၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ကာဖိရ်များသည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသည့်အခါ သူတို့၏ မျက်စိများနှင့် အသင့်အား ချော်ကျအောင် (မရပ်နိုင်လောက်အောင်) လုပ်မည့်ဆဲဆဲဖြစ်ကြသည်။ ###၁ဝ ထို့ပြင် သူတို့က အမှန်စင်စစ် ဤသူသည် အရူးဖြစ်သည်ဟု ပြောဆိုကြသည်။ |