×

ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ အာယသ်သက်သေလက္ခဏာတော်များ ကျွန်ုပ်တို့ထံ ရောက်ရှိလာသောအခါ ကျွန်ုပ်တို့ သက်ဝင်ယုံကြည် ကြသည့် အကြောင်းရင်းမှအပ ကျွန်ုပ်တို့အား 7:126 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:126) ayat 126 in Burmese

7:126 Surah Al-A‘raf ayat 126 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 126 - الأعرَاف - Page - Juz 9

﴿وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ ﴾
[الأعرَاف: 126]

ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ အာယသ်သက်သေလက္ခဏာတော်များ ကျွန်ုပ်တို့ထံ ရောက်ရှိလာသောအခါ ကျွန်ုပ်တို့ သက်ဝင်ယုံကြည် ကြသည့် အကြောင်းရင်းမှအပ ကျွန်ုပ်တို့အား လက်စားချေအရေးယူနိုင်သည့် အခြားအကြောင်းရင်း မရှိချေ။ အို၊ ကျွန်ုပ် တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့အပေါ်၌ သည်းခံကြံ့ခိုင်မှုစွမ်းရည်ကို သွန်းလောင်းပေးသနားတော်မူပါ။ (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံနာခံအပ်နှံ၍ ငြိမ်းချမ်း ရေးလိုလားသော) မွတ်စလင်များအဖြစ် ကွယ်လွန်စေတော်မူပါဟု ဆုပန်လျှောက်ထားခဲ့ကြ၏။

❮ Previous Next ❯

ترجمة: وما تنقم منا إلا أن آمنا بآيات ربنا لما جاءتنا ربنا أفرغ, باللغة البورمية

﴿وما تنقم منا إلا أن آمنا بآيات ربنا لما جاءتنا ربنا أفرغ﴾ [الأعرَاف: 126]

Ba Sein
၁၂၆။ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်ထံမှ အသျှင်မြတ်၏ သက်သေသာဓကတော်များသည် အကျွနု်ပ်တို့ထံသို့ ကျရောက်လာသောအခါ အကျွနု်ပ်တို့သည် ထိုသာဓကတော်များကို ယုံကြည်ကြ သောကြောင့် သင်သည် အကျွနု်ပ်တို့ကို ဂလဲ့စားချေပါ၏။ အို-အကျွနု်ပ်တို့၏အသျှင်သခင်၊ အကျွနု်ပ်တို့အား ဇွဲသတ္တိနှင့် တည်ကြည်ခိုင်မြဲခြင်းကို ပေးသနားတော်မူပါ။ အကျွနု်ပ်တို့ကို အသျှင်အား ယုံကြည်ကျိုးနွံသူတို့အဖြစ်နှင့်သာ ခေါ်တော်မူပါဟု ဆုတောင်းကြ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား အသင်သည် ကျွန်ုပ်တို့အားကျွန်ုပ်တို့ထံ ကျွန်ုပ်တို့အသျှင်မြတ်၏ သက်သေ လက္ခဏာများရောက်ရှိလာသောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံကြသည်ကိုသာလျှင် တုံ့ပြန်လက်စား ချေသည်သာဖြစ်ပေသည်။ (ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ဆုမွန်ပတ္တနာ ပြုကြကုန်၏။) အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ။(ရကူ)
Hashim Tin Myint
“ထို့ပြင် ကျွန်ုပ်တို့ထံသို့ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာများ ‌ရောက်ရှိလာ‌သောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံလိုက်ကြသည်ကလွဲ၍ ကျွန်ုပ်တို့ထံမှ မည်သည့်အပြစ်မှ အသင်မ‌တွေ့ရ‌ပေ။“ (ထို့‌နောက် သူတို့သည် အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းကြသည်)။ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်၌ သည်းခံမှုကို သွန်း‌လောင်း‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အမိန့်‌တော်လိုက်နာသူ (မွတ်စ်လင်မ်)များအဖြစ် ‌သေဆုံး‌စေ‌တော်မူပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek