Quran with Burmese translation - Surah Al-A‘raf ayat 163 - الأعرَاف - Page - Juz 9
﴿وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعٗا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ ﴾
[الأعرَاف: 163]
﴿واسألهم عن القرية التي كانت حاضرة البحر إذ يعدون في السبت إذ﴾ [الأعرَاف: 163]
Ba Sein ၁၆၃။ အို-မိုဟမ္မဒ် သင်သည် သူတို့အား ပင်လယ်ကမ်းနားရှိသော သူတို့မြို့နယ်အကြောင်း၊ သူတို့ ဥပုသ် ချိုးခြင်း၊ ဥပုသ်နေ့၌ သူတို့၏ ငါးကြီးသည် သူတို့မြင်အောင်ပေါ်လာခြင်း၊ သူတို့ဥပုသ် မစောင့်သော နေ့၌ ထိုငါးကြီးမပေါ်လာခြင်းအကြောင်းတို့ကို မေးမြန်းစုံစမ်းလော့။ သူတို့၏ မကောင်းမှုများကြောင့် ငါအသျှင်မြတ်သည် သူတို့အား ယင်းသို့ စုံစမ်းတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား သမုဒ္ဒရာပင်လယ်ဆိပ်ကမ်းရှိ မြို့ရွာ(နေလူတို့)နှင့်ပတ်သက်၍ မေးမြန်းပါလေ။ အကြင် အခါဝယ် ထိုသူတို့သည်စဗ်တ် နေ့နှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ကြလေသည်။အကြင်အခါဝယ် ၎င်းတို့၏ (သမုဒ္ဒရာမှ) ငါးများသည် ၎င်းတို့ထံသို့ ၎င်းတို့၏ စဗ်တ်နေ့တွင် (ရေပေါ်သို့) ထွက်ပြူ၍လာကြလေသည်။ သို့ရာတွင် စဗ်တ် မဟုတ်သောနေ့တွင်မူထိုငါးများသည် ၎င်းတို့ ထံသို့လာကြသည်မရှိချေ။ ထိုကဲ့သို့ပင်ငါအရှင်မြတ် သည် ၎င်းတို့အား ၎င်းတို့ ဖီဆန်လေ့ရှိခဲ့ကြသည့်အတွက် စမ်းသပ်တော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်သည် သူတို့ကို ပင်လယ်ဆိပ်ကမ်းမြို့ရွာနှင့်ပတ်သက်၍ မေးမြန်းလိုက်ပါ။* တစ်ခါက သူတို့သည် စဗ်သ် စနေနေ့နှင့်ပတ်သက်၍ စည်းကမ်းကျူးကျော်ကြသည်။ တစ်ခါက သူတို့၏ (ပင်လယ်မှ)ငါးများသည် သူတို့ထံသို့ သူတို့၏စနေနေ့၌ အုပ်လိုက်(ရေပေါ်)ပေါ်လာလေ့ရှိသည်။ ၎င်းပြင် စနေနေ့မဟုတ်သောအချိန်၌မူ သူတို့ထံသို့(ပေါ်)လာလေ့မရှိပေ။ ထိုသို့ပင် ငါအရှင်မြတ်သည် သူတို့ကို သူတို့၏သွေဖည်လေ့ရှိကြသည့်အတွက် စမ်းသပ်တော်မူခဲ့သည်။ |