×

သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မမှန်မကန် မတော်မတရားပြုလုပ်သူတို့သည် သူတို့အား မိန့်ဆိုခဲ့သည်ကို မိန့်ဆိုခြင်းမရှိသော အခြားစကားရပ်များဖြင့် ပြောင်းလဲပြောဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် 7:162 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:162) ayat 162 in Burmese

7:162 Surah Al-A‘raf ayat 162 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 162 - الأعرَاف - Page - Juz 9

﴿فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ ﴾
[الأعرَاف: 162]

သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မမှန်မကန် မတော်မတရားပြုလုပ်သူတို့သည် သူတို့အား မိန့်ဆိုခဲ့သည်ကို မိန့်ဆိုခြင်းမရှိသော အခြားစကားရပ်များဖြင့် ပြောင်းလဲပြောဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် သူတို့၏မမှန်မကန် မဟုတ်မတရားပြုမူကျင့်ကြံမှုကို အကြောင်းပြု၍ သူတို့အပေါ်၌ မိုးကောင်းကင်မှ ကပ်ဘေးတစ်မျိုး (ဆိုးကျိုးဆက်အဖြစ်) သက်ရောက်စေတော်မူ၏။

❮ Previous Next ❯

ترجمة: فبدل الذين ظلموا منهم قولا غير الذي قيل لهم فأرسلنا عليهم رجزا, باللغة البورمية

﴿فبدل الذين ظلموا منهم قولا غير الذي قيل لهم فأرسلنا عليهم رجزا﴾ [الأعرَاف: 162]

Ba Sein
၁၆၂။ သို့သော် ဒုစရိုက်ပြစ်မှု ကျိူးလွန်သူတို့သည် မိမိတို့ထံကျရောက်လာသော ဗျာဒိတ်တော်စကားတော်ကို အဓိပ္ပါယ်ပြောင်းလွဲသွားအောင် အခြားစကားများနှင့် လဲလှယ်ကြ၏။ သူတို့၏ ဒုစရိုက်မှုများကြောင့် သူတို့အပေါ်သို့ ငါအသျှင်မြတ်သည် ကောင်းကင်ဘုံမှ အမျက်ချတော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)
Hashim Tin Myint
ထို့‌နောက် သူတို့ထဲမှ မတရားကျူးလွန်သူများသည် သူတို့ကို မိန့်ကြား‌တော်မူထား‌သော စကားရပ်အစား အခြား(မသင့်‌တော်‌သော)စကားနှင့် ‌ပြောင်းလဲ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မတရားနှိပ်စက်‌လေ့ရှိကြသည့်အတွက် ဒုက္ခကပ်ဆိုးပြစ်ဒဏ်ကို မိုး‌ကောင်းကင်မှ သက်‌ရောက်‌စေ‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek