×

တစ်ဖန် သူတို့အနက် လူ့အသိုင်းအဝိုင်းတစ်စုက (ဥပုသ်စည်းမျဉ်းကျူးလွန်သူတို့ကို ဆုံးမနေသော သူတို့အား) “အလ္လာဟ်အရှင်မြတ်က တိမ်ကောပျက်စီးစေမည့်၊ သို့မဟုတ် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည့် 7:164 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:164) ayat 164 in Burmese

7:164 Surah Al-A‘raf ayat 164 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 164 - الأعرَاف - Page - Juz 9

﴿وَإِذۡ قَالَتۡ أُمَّةٞ مِّنۡهُمۡ لِمَ تَعِظُونَ قَوۡمًا ٱللَّهُ مُهۡلِكُهُمۡ أَوۡ مُعَذِّبُهُمۡ عَذَابٗا شَدِيدٗاۖ قَالُواْ مَعۡذِرَةً إِلَىٰ رَبِّكُمۡ وَلَعَلَّهُمۡ يَتَّقُونَ ﴾
[الأعرَاف: 164]

တစ်ဖန် သူတို့အနက် လူ့အသိုင်းအဝိုင်းတစ်စုက (ဥပုသ်စည်းမျဉ်းကျူးလွန်သူတို့ကို ဆုံးမနေသော သူတို့အား) “အလ္လာဟ်အရှင်မြတ်က တိမ်ကောပျက်စီးစေမည့်၊ သို့မဟုတ် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည့် လူမျိုးတစ်မျိုးအား (သင်တို့) အဘယ်ကြောင့် ဆုံးမသွန်သင်နေကြသနည်း။” ဟု ပြောဆိုမေးမြန်းစဉ် (ထိုဆုံးမသွန်သင် သူတို့က “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော် မူသော အရှင်မြတ်ထံတော်၌ (ပြစ်တင်ရှုတ်ချခြင်းမှ လွတ်ငြိမ်းစေသော) ဆင်ခြေတစ်ခုဖြစ်ရန်နှင့်သူတို့အရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြရန် အတွက်ဖြစ်၏။” ဟု ဖြေဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: وإذ قالت أمة منهم لم تعظون قوما الله مهلكهم أو معذبهم عذابا, باللغة البورمية

﴿وإذ قالت أمة منهم لم تعظون قوما الله مهلكهم أو معذبهم عذابا﴾ [الأعرَاف: 164]

Ba Sein
၁၆၄။ သူတို့အနက် အသင်းတစ်သင်းသည် အချင်းတို့ သင်တို့ အလ္လာဟ်အသျှင်မြတ် သုတ်သင်ရှင်းလင်း တော်မူ၍ ကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ခတ်တော်မူခါနီးသူတို့အား အဘယ်ကြောင့် တရားဟောနေကြသနည်းဟု မေးသောအခါ သူတို့က ဟယ်-မိတ်ဆွေတို့ သင်တို့၏အသျှင်သခင်၏ မျက်မှောက်တော်ဝယ် အပြစ်ကင်းလွတ်ရန်ဖြစ်၏။ သူတို့ဒုစရိုက်မကောင်းမှုကို ရှောင်ရှားကောင်း ရှောင်ရှားရန်လည်းဖြစ်၏ဟု ပြန်ပြောကြ၏။
Ghazi Mohammad Hashim
တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။
Hashim Tin Myint
ထို့ပြင် တစ်ခါက သူတို့ထဲမှ လူတစ်စုက(ဆိုဆုံးမ‌သောသူများအား) ‌ပြောဆိုကြသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဖျက်ဆီးပစ်‌တော်မူမည့် လူမျိုးအုပ်စု သို့မဟုတ် ပြင်းထန်‌သော အပြစ်ဒဏ်‌ပေး‌တော်မူမည့် လူမျိုးအုပ်စုကို အဘယ့်‌ကြောင့် ဆိုဆုံးမ‌နေကြသနည်း။* ထို(ဆိုဆုံးမ)သူများက ‌ပြောဆိုကြသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ထံတွင် တာဝန်‌ကျေ‌ကြောင်း အ‌ကြောင်းပြရန်အတွက်နှင့် သူတို့သည် အပြစ်‌ရှောင်ကြဉ်‌ကောင်း ‌ရှောင်ကြဉ်ကြရန်အတွက်ပင် ဖြစ်သည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek