Quran with Burmese translation - Surah Al-A‘raf ayat 165 - الأعرَاف - Page - Juz 9
﴿فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ ﴾
[الأعرَاف: 165]
﴿فلما نسوا ما ذكروا به أنجينا الذين ينهون عن السوء وأخذنا الذين﴾ [الأعرَاف: 165]
Ba Sein ၁၆၅။ ထို့နောက် သူတို့သည် သူတို့အား သတိပေးသော တရားတော်ကို မေ့လျော့နေသောအခါ မကောင်းမှု ကို တားမြစ်ပိတ်ပင်သူတို့အား ငါအသျှင်မြတ်သည် ကယ်နှုတ်တော်မူ၏။ သို့သော် ဒုစရိုက်ပြစ်မှုများ ကို ကျူးလွန်သူတို့အား မိမိတို့ညစ်ညမ်းဆိုးသွမ်းမှုကြောင့် အလွန်ကြီးလေးကြောက်မက်ဖွယ်ကောင်း သော အပြစ်ဒဏ်ကို ထပ်ရိုက်တော်မူ၏။ |
Ghazi Mohammad Hashim တဖန် ထိုသူတို့သည် မိမိတို့သတိပေးခြင်း ခံကြရသောအမှုကိစ္စကို မေ့လျက်ပင်ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုတို့မှ မြစ်တားလျက်ရှိကြသူတို့အား ကယ်ဆယ်တော်မူ၍ မတရားကျူးလွန်သောသူတို့ကိုမူ ၎င်းတို့သည်သွေဖည်လျက် ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့်ဖမ်းဆီးတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့နောက် သူတို့သည် သူတို့သတိပေးခြင်းခံရသော အမှုကိစ္စကို မေ့လျော့နေစဉ်၌ ငါအရှင်မြတ်သည် မကောင်းမှုမှ တားမြစ်နေသူများကို ကယ်ဆယ်တော်မူပြီး မတရားကျူးလွန်သူများကို သူတို့၏ သွေဖည်မှုများကြောင့် ပြင်းထန်သောပြစ်ဒဏ်နှင့် ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ |