Quran with Burmese translation - Surah Al-A‘raf ayat 169 - الأعرَاف - Page - Juz 9
﴿فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٞ وَرِثُواْ ٱلۡكِتَٰبَ يَأۡخُذُونَ عَرَضَ هَٰذَا ٱلۡأَدۡنَىٰ وَيَقُولُونَ سَيُغۡفَرُ لَنَا وَإِن يَأۡتِهِمۡ عَرَضٞ مِّثۡلُهُۥ يَأۡخُذُوهُۚ أَلَمۡ يُؤۡخَذۡ عَلَيۡهِم مِّيثَٰقُ ٱلۡكِتَٰبِ أَن لَّا يَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّ وَدَرَسُواْ مَا فِيهِۗ وَٱلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ﴾
[الأعرَاف: 169]
﴿فخلف من بعدهم خلف ورثوا الكتاب يأخذون عرض هذا الأدنى ويقولون سيغفر﴾ [الأعرَاف: 169]
Ba Sein ၁၆၉။ သူတို့ကိုဆက်၍ သမ္မာကျမ်းတော်ကို အမွေရသောအမျိုးတစ်ဆက်သည် ပေါ်လာ၏။ သူတို့သည် ဤနိမ့်ညစ်သောဘဝ၏ပစ္စည်းများကို မက်မက်မောမောသိမ်းယူကြ၍ အကျွနု်ပ်တို့အား အပြစ်လွှတ် တော်မူမညဟုဆိုကြ၏။ သူတို့သည် ထိုပစ္စည်းမျိုးကို ထပ်မံရသော် ထပ်မံယူ၍ ပြစ်မှုကျူးလွန်မည်ပင် ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ သစ္စာစကားမှတစ်ပါး အခြားစကားကိုမဆိုရဟူ၍ သမ္မာကျမ်းတော်အားဖြင့် သူတို့ထံမှ ပဋိညာဉ်ကိုယူတော်မူပြီးသည်မဟုတ်လော။ သူတို့သည် ကျမ်းတော်ပါတရားများကို ဖတ်ရှုလေ့လာကြပြီးပြီ။ ဒုစရိုက်မှုကို ရှောင်ကြဉ်သူတို့အဖို့အရာ နောင် တမလွန်ဘဝ၏ ဘုံဗိမာန်သည် သာလွန်ကောင်းမြတ်တင့်တယ်လှ၏။ သင်တို့တွင် အသိတရားမရှိကြ သလော။ |
Ghazi Mohammad Hashim တစ်ဖန် ၎င်းတို့မရှိသည့်နောက်တွင် အကြင်ယုတ်မာသော သားမြေးတို့က (၎င်းတို့၏)ရိုက်ရာ ဆက်ခံခဲ့ကြကုန်၏။ ထိုသူတို့သည် ကျမ်းဂန်ကို အမွေရယူခဲ့ကြကုန်၏။(သို့ရာတွင်) ၎င်းတို့သည် (ထိုကျမ်းဂန်လာ ဒေသနာတော်များ၏အစား) ဤလောကီပစ္စည်းများကို ယူကြလေသည်။ ထို့ပြင်၎င်းတို့က ကျွန်ုပ်တို့သည် (ဤကျမ်းဂန်လာ ဒေသနာတော်များကို ရောင်းစားခဲ့ကြသည့်အပြစ်မှ) မုချချမ်းသာခွင့် ပေးသနားတော်မူခြင်းခံကြရပေမည် ဟူ၍လည်း ပြောဆိုကြသေး၏။စင်စစ်သော်ကား ၎င်းတို့သည် အကယ်၍ (ယခုတဖန်) ထိုကဲ့သို့သော ဥစ္စာပစ္စည်းများသည် ၎င်းတို့ထံရောက်လာပါလျှင်ထိုပစ္စည်းများကို ယူကြဦးမည်သာတည်း။ (တောင်ရာတ်)ကျမ်းတော်တွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မှန်ရာကိုသာပြောဆိုကြရန် ၎င်းတို့ထံမှ ပဋိညာဉ်ယူထားပြီးဖြစ်သည်သာမက ၎င်းတို့သည် ယင်းကျမ်းဂန်လာ အမိန့်တော်များကိုဖတ်ခဲ့ပြီးလည်းဖြစ်ကြသည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ သုခချမ်းသာသည်(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသော(အားဖြင့် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်ကြကုန်သော)သူတို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့ပါလျက်အသင် တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။ |
Hashim Tin Myint ထို့နောက် သူတို့မရှိသည့်နောက်တွင် အကြင်ယုတ်မာသော သားမြေးများက (သူတို့၏)နေရာတွင် အမွေဆက်ခံခဲ့ကြသည်။ သူတို့သည် ကျမ်းဂန်ကို အမွေရယူခဲ့ကြသည်။ သူတို့သည် (ကျမ်းဂန်ထဲမှ တရားတော်များကို) ဤလောက(၏သေးသိမ်သော)ပစ္စည်းများနှင့် (အစားလဲလှယ်ပြီး)ယူကြသည်။ ထို့ပြင် သူတိုု့က မကြာမီ ကျွန်ုပ်တို့သည် (ဤကျမ်းဂန်ထဲမှ တရားတော်များကို ရောင်းစားခဲ့ကြသည့်အပြစ်မှ) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူခြင်း ခံကြရမည်ဟုလည်း ပြောဆိုကြသည်။ ထို့ပြင် အကယ်၍ ထိုကဲ့သို့ ပစ္စည်းဥစ္စာများသည် သူတို့ထံသို့ (ထပ်မံ)ရောက်လာလျှင်လည်း ထိုပစ္စည်းများကို သူတို့သည် ယူကြဦးမည်ပင်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အမှန်ကိုသာ ပြောဆိုကြရန် (သောင်ရသ်)ကျမ်းတော်၌ သူတို့ထံမှ ကတိကဝတ်ယူထားခဲ့ပြီး မဟုတ်လော၊ ထို့ပြင် သူတို့သည် ထိုကျမ်းထဲမှ အမိန့်တော်များကိုလည်း ဖတ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် တမလွန်ဘဝ(ဂျန္နသ် သုခဘုံ)သည် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် အကောင်းဆုံးပင် ဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသလော။ |