×

အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ဘက်သို့ ဖိတ်ခေါ်နေကြသူတို့သည် သင်တို့ကဲ့သို့ပင် အရှင့်အစေခံလူသားများ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ သူတို့အား (အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့) 7:194 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:194) ayat 194 in Burmese

7:194 Surah Al-A‘raf ayat 194 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 194 - الأعرَاف - Page - Juz 9

﴿إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ ﴾
[الأعرَاف: 194]

အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ဘက်သို့ ဖိတ်ခေါ်နေကြသူတို့သည် သင်တို့ကဲ့သို့ပင် အရှင့်အစေခံလူသားများ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ သူတို့အား (အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့) ဖိတ်ခေါ်ကြလော့။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံသူများဖြစ်ကြလျှင် (သူတို့အားဉာဏ်အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော အမှန်တရားသစ္စာအားဖြင့် ဖိတ်ခေါ်၍) သင်တို့ကို လက်ခံဖြေကြားခွင့် ပေးသင့်၏။

❮ Previous Next ❯

ترجمة: إن الذين تدعون من دون الله عباد أمثالكم فادعوهم فليستجيبوا لكم إن, باللغة البورمية

﴿إن الذين تدعون من دون الله عباد أمثالكم فادعوهم فليستجيبوا لكم إن﴾ [الأعرَاف: 194]

Ba Sein
၁၉၄။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သင်တို့ကိုးကွယ်သောဘုရားတို့သည် သင်တို့ကဲ့သို့ အသျှင်မြတ်၏ ကျေးကျွန်များဖြစ်ကြ၏။ သင်တို့သည် မှန်ကန်သူများဖြစ်လျှင် ယခုသူတို့ထံ ဆုတောင်းကြလော့။ သူတို့သည် သင်တို့တောင်းသောဆုကို ပေးပြစေကုန်။
Ghazi Mohammad Hashim
ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍သာ ဟုတ်တိုင်းမှန်ရာ ပြောဆိုသူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းတို့အားဟစ်ခေါ်ကြလေကုန်။ တစ်ဖန်4င်းတို့သည် (လည်း)အသင်တို့အား ပြန်၍ထူးကြပါစေ။
Hashim Tin Myint
အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောအရာများသည် အသင်တို့ကဲ့သို့ပင် (အဖန်ဆင်းခံ)ကျွန်များပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အကယ်၍ အမှန်ကို ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် သူတို့အား ဟစ်‌ခေါ်(ကြည့်)ကြပါ။ ထို့‌နောက် သူတို့သည်လည်း အသင်တို့အား လက်ခံ‌ဖြေကြား‌စေကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek