×

ဟောကြားလော့။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မဖွယ်မရာများအနက်မှ လူသိရှင်ကြား ထင်ထင်ရှားရှား ပြုမူကျင့်ဆောင်မှုများကိုလည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်စွာ လုပ်ဆောင်သည်များကိုလည်းကောင်း၊ 7:33 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:33) ayat 33 in Burmese

7:33 Surah Al-A‘raf ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 33 - الأعرَاف - Page - Juz 8

﴿قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴾
[الأعرَاف: 33]

ဟောကြားလော့။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မဖွယ်မရာများအနက်မှ လူသိရှင်ကြား ထင်ထင်ရှားရှား ပြုမူကျင့်ဆောင်မှုများကိုလည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်စွာ လုပ်ဆောင်သည်များကိုလည်းကောင်း၊ မကောင်းမှုဒုစရိုက်များကိုလည်းကောင်း၊ မတရားသဖြင့် အနိုင်ကျင့်ညှင်းဆဲခြင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက် ၍ (အခြားသောအရာများအား ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ခြင်းကိုလည်းကောင်း၊ အရှင်မြတ်ထံတော်မှ ခွင့်ပြုချက်ဆိုင်ရာ သက်သေသာဓကချမှတ်ပေးအပ်ခြင်းမခံရသော အကြောင်းကိစ္စများအား သင်တို့ သိနားလည် ခြင်းမရှိဘဲ အရှင်မြတ်အပေါ် (ကြံစည်ဖန်တီး၍) ပုံချပြောဆိုခြင်းကိုလည်းကောင်း၊ အမှန်ပင် တားမြစ်ထားတော်မူ၏။”

❮ Previous Next ❯

ترجمة: قل إنما حرم ربي الفواحش ما ظهر منها وما بطن والإثم والبغي, باللغة البورمية

﴿قل إنما حرم ربي الفواحش ما ظهر منها وما بطن والإثم والبغي﴾ [الأعرَاف: 33]

Ba Sein
၃၃။ ဟောကြားလော့။ ဟယ်-အချင်းတို့ အကျွနု်ပ်၏ကျေးဇူးတော်သခင်သည် အတွင်းအပြင် မယဉ်ကျေး မအပ်သောအမှုများ၊ အပြစ်များ၊ မတရားညှင်းပန်းနှိပ်စက်မှု၊ အသျှင်မြတ် ခွင့်ပြုတော်မူချက် မရှိသောအရာကို အလ္လာဟ်အသျှင်မြတ်နှင့်တွဲဖက်ခြင်း၊ အသျှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့ မသိမှုကို ပြောခြင်းတို့ကိုသာ တားမြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများထဲမှ ထင်ရှားသည့်အရာများ၊ ဖုံးကွယ်‌နေ‌သောအရာများ၊ မ‌ကောင်းမှုများ၊ မတရားနှိပ်စက်မှုများ၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က မည်သည့်သက်‌သေ သာဓကတစ်ခုမျှ ချမ‌ပေးခဲ့‌သောအရာကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း၊ ၎င်းပြင် အသင်တို့သည် အသင်တို့မသိ‌သောအရာများကို အရှင်မြတ်အ‌ပေါ်၌ လုပ်ကြံ‌ပြောဆိုခြင်း (ထိုအရာများအားလုံး)ကိုသာ ဟရာမ်ဟု တားမြစ်‌တော်မူခဲ့ခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek