×

လူ့ဘောင်အသိုင်းအဝိုင်းအတွက် (သူတို့၏လွတ်လပ်စွာရွေးပိုင်ခွင့်နှင့်အညီ အရှင်မြတ်က) သတ်မှတ်ထားတော်မူသော အချိန်ကာလတစ်ခု ရှိ၏။ သူတို့၏ သတ်မှတ်ချိန် စေ့သည့်ကာလရောက် လာသည့်အခါ (သူတို့သည်) အချိန်တစ်နာရီမျှပင် 7:34 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:34) ayat 34 in Burmese

7:34 Surah Al-A‘raf ayat 34 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 34 - الأعرَاف - Page - Juz 8

﴿وَلِكُلِّ أُمَّةٍ أَجَلٞۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَأۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴾
[الأعرَاف: 34]

လူ့ဘောင်အသိုင်းအဝိုင်းအတွက် (သူတို့၏လွတ်လပ်စွာရွေးပိုင်ခွင့်နှင့်အညီ အရှင်မြတ်က) သတ်မှတ်ထားတော်မူသော အချိန်ကာလတစ်ခု ရှိ၏။ သူတို့၏ သတ်မှတ်ချိန် စေ့သည့်ကာလရောက် လာသည့်အခါ (သူတို့သည်) အချိန်တစ်နာရီမျှပင် နောက်ဆုတ်နိုင်ကြမည်မဟုတ်ပေ။ (အချိန်အနည်းငယ်မျှ) ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။

❮ Previous Next ❯

ترجمة: ولكل أمة أجل فإذا جاء أجلهم لا يستأخرون ساعة ولا يستقدمون, باللغة البورمية

﴿ولكل أمة أجل فإذا جاء أجلهم لا يستأخرون ساعة ولا يستقدمون﴾ [الأعرَاف: 34]

Ba Sein
၃၄။ လူမျိုးတိုင်းတွင် မိမိတို့ ကာလအပိုင်းအခြားရှိ၏။ ထိုသတ်မှတ်သော အချိန်စေ့ရောက်သောအခါ သူတို့သည် ထိုအချိန်ကို တစ်နာရီခန့်မျှသော် မရွှေ့ဆိုင်းနိုင်ပေ။ သို့မဟုတ် ရှေ့တိုးမထားနိုင်ပေ။
Ghazi Mohammad Hashim
လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
Hashim Tin Myint
လူမျိုးတိုင်းအတွက် (အသက်ရှင်ရန်) သတ်မှတ်ထား‌သော အချိန်ကာလရှိသည်။ သို့ဖြစ်ရာ သူတို့၏ အချိန်ကာလ‌ရောက်လာလျှင် သူတို့သည် အချိန်အနည်းငယ်မျှပင် ‌နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်‌ပေ၊ ‌ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek