Quran with Burmese translation - Surah Al-A‘raf ayat 80 - الأعرَاف - Page - Juz 8
﴿وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ ﴾
[الأعرَاف: 80]
﴿ولوطا إذ قال لقومه أتأتون الفاحشة ما سبقكم بها من أحد من﴾ [الأعرَاف: 80]
Ba Sein ၈ဝ။ ထို့ပြင် တမန်တော်လွတ်(တ်)သည် သူ၏ အမျိုးသားတို့အား ဟောကြား၏။ သင်တို့သည် ရှေးရှေးက လူသားတို့မပြခဲ့ဖူးသော စက်ဆုပ်ရွ့ံရှာဖွယ်ကောင်းသောအပြစ်ကို ကျူးကျော်ကြမည်လော။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည် နဗီတမန်တော်)လူတ်ကို(လည်း စေလွှတ်တော်မူခဲ့လေသည်။) တစ်ရံရောအခါ ထို(နဗီတမန်တော်လူတ်)က မိမိအမျိုးသားတု့ိအား(ဤသို့)ပြောကြားခဲ့လေ၏။ (ဟယ်-အချင်းတို့) အသင်တို့သည်အကြင် စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို ကျူးလွန်ကြလေသလော။ယင်း စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို အသင်တို့၏အလျင် စကြဝဠာခပ်သိမ်းတို့အနက် မည်သူတဦးတယောက်မျှ ကျူးလွန်ခဲ့သည်မရှိခဲ့ပေ။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)လူသွ်ကို(လည်း စေလွှတ်တော်မူခဲ့သည်)။ တစ်ခါတွင် ၎င်း(တမန်တော်လူသွ်)က ၎င်း၏အမျိုးသားများအား ပြောကြားခဲ့သည်- အသင်တို့သည် အသင်တို့မတိုင်မီ စကြဝဠာအားလုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျူးလွန်ခဲ့သော စက်ဆုပ်ရွံရှာဖွယ်ကိစ္စကို ကျူးလွန်ကြသလော။ |