Quran with Burmese translation - Surah Al-A‘raf ayat 79 - الأعرَاف - Page - Juz 8
﴿فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ ﴾
[الأعرَاف: 79]
﴿فتولى عنهم وقال ياقوم لقد أبلغتكم رسالة ربي ونصحت لكم ولكن لا﴾ [الأعرَاف: 79]
Ba Sein ၇၉။ တမန်တော် ဆွာလေ(ဟ်)သည် ထိုသူများကို ကျောခိုင်းလှည့်သွားပြီးလျှင် ဟောကြား၏။ ဟယ်-အကျွနု်ပ်၏အမျိုးသားတို့ အကျွနု်ပ်သည် မိမိ၏ ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်များကို သင်တို့အား ဟောပြီးပြီ။ သင်တို့အား ကောင်းသောသြဝါဒကို ပေးပြီးပြီ။ သို့သော် သင်တို့ ကောင်းသော အကြံဉာဏ်ပေးသူများကို မခင်ကြပေ။ |
Ghazi Mohammad Hashim ထိုအခါ ယင်း(နဗီတမန်တော်) ဆွာလိဟ်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်။ ထို့ပြင်အို-ငါ၏အမျိုးသားတို့ ငါသည် မိမိအရှင်မြတ်က မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံ ဧကန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်၏။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုးကိုလည်း သယ်ပိုးရွက်ဆောင်ခဲ့သည်။ သို့ရာတွင်အသင် တို့သည်ကား ကောင်းကျိုးသယ်ပိုးရွက်ဆောင်သူတို့ကိုပင် မနှစ်သက်ကြပါ ဟု ပြောကြားခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် ၎င်းသည် သူတို့ဘက်မှ မျက်နှာလွှဲထွက်ခဲ့သည်။ ထို့ပြင် ၎င်းကပြောသည်- “အို- ငါ၏အမျိုးသားအပေါင်းတို့၊ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံသို့ အမှန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလည်း သယ်ပိုးဆောင်ရွက်ခဲ့သည်။ သို့ရာတွင် အသင်တို့ကမူ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်သူများကိုပင် မနှစ်သက်ကြပေ“။ |