×

သူ့လူမျိုးတို့က “(တမန်တော်လူသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့ကို သူတို့၏မြို့ရွာအိုးအိမ်များမှ နှင်ထုတ်ကြလော။” ဟု ပြောဆိုခြင်းမှအပ အခြားမည်သည့် အဖြေကိုမျှ ဖြေကြားနိုင်ခြင်းမရှိခဲ့ကြပေ။ မုချဧကန် (တမန်တော်လူးသ်နှင့်အပေါင်းအပါများဖြစ်ကြသော) 7:82 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:82) ayat 82 in Burmese

7:82 Surah Al-A‘raf ayat 82 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 82 - الأعرَاف - Page - Juz 8

﴿وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ ﴾
[الأعرَاف: 82]

သူ့လူမျိုးတို့က “(တမန်တော်လူသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့ကို သူတို့၏မြို့ရွာအိုးအိမ်များမှ နှင်ထုတ်ကြလော။” ဟု ပြောဆိုခြင်းမှအပ အခြားမည်သည့် အဖြေကိုမျှ ဖြေကြားနိုင်ခြင်းမရှိခဲ့ကြပေ။ မုချဧကန် (တမန်တော်လူးသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့သည် သန့်ရှင်းစင်ကြယ်သော လူသားများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: وما كان جواب قومه إلا أن قالوا أخرجوهم من قريتكم إنهم أناس, باللغة البورمية

﴿وما كان جواب قومه إلا أن قالوا أخرجوهم من قريتكم إنهم أناس﴾ [الأعرَاف: 82]

Ba Sein
၈၂။ သူ၏ အမျိုးသားတို့သည် သူတို့အချင်းချင်း ဤသို့ပြောဆိုခြင်းဖြင့် သူ့အား တုံ့ပြန်ပြောဆို၏။ သူတို့ကို သင်တို့၏နယ်မြေမှ နှင်ထုတ်ကြလော့။ သူတို့သည် အမှန်ပင် သန့်ရှင်းစင်ကြယ်စွာထားသူများ ဖြစ်ကြ၏။
Ghazi Mohammad Hashim
ထို(နဗီတမန်တော်လူတ်)၏အမျိုးသားတို့က(မိမိတို့အချင်းချင်း) အသင်တို့သည် ထို(လူတ်နှင့်တကွ မုအ်မင်န် သက်ဝင်ယုံကြည်သူ)တို့ကို မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သန့်ရှင်းစင်ကြယ်ဟန်ဆောင်သူများသာ ဖြစ်ကြကုန်သည်ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြပေ။
Hashim Tin Myint
ထို့ပြင် ထို(တမန်‌တော်လူသွ်)၏အမျိုးသားများက (သူတို့အချင်းချင်း) အသင်တို့သည် ၎င်း(တမန်‌တော်လူသွ်နှင့် ယုံကြည်သူ)တို့အား အသင်တို့၏ မြို့ရွာမှ နှင်ထုတ်ကြပါ။ အမှန်စင်စစ် ၎င်းတို့သည် အလွန်သန့်ပြန့် စင်ကြယ်‌သောသူများပင် ဖြစ်ကြသည်။*ဟု ‌ပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ‌ဖြေကြားနိုင်ခြင်းမရှိခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek