×

ထို့ပြင် ဝတ်ပြုရာ နေရာအားလုံး (ဦးချစဉ် အသုံးချသည့် ခန္ဓာကိုယ်အစတ်အပိုင်းအားလုံး) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်နှင့်အညီ နာခံလိုက်နာရန်) အတွက်သာ ဖြစ်၏။ 72:17 Burmese translation

Quran infoBurmeseSurah Al-Jinn ⮕ (72:17) ayat 17 in Burmese

72:17 Surah Al-Jinn ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jinn ayat 17 - الجِن - Page - Juz 29

﴿لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا ﴾
[الجِن: 17]

ထို့ပြင် ဝတ်ပြုရာ နေရာအားလုံး (ဦးချစဉ် အသုံးချသည့် ခန္ဓာကိုယ်အစတ်အပိုင်းအားလုံး) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်နှင့်အညီ နာခံလိုက်နာရန်) အတွက်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ (တွဲဖက် တုပြိုင်၍ အခြား) မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုင်တည်ဆုတောင်းခြင်း မပြုကြလေနှင့်။

❮ Previous Next ❯

ترجمة: لنفتنهم فيه ومن يعرض عن ذكر ربه يسلكه عذابا صعدا, باللغة البورمية

﴿لنفتنهم فيه ومن يعرض عن ذكر ربه يسلكه عذابا صعدا﴾ [الجِن: 17]

Ba Sein
၁၇။ ငါသည် သူတို့အား ရေပေါများခြင်းနှင့် စုံစမ်းတော်မူလတံ့၊ အကြင်သူသည် မိမိအရှင်သခင်အား အာရုံမပြုအံ့၊အရှင်မြတ်သည် ထိုသူအား အမြဲကြီးမားလာသောအပြစ်ဒဏ်အတွင်းသို့ သွင်းတော်မူမည်။
Ghazi Mohammad Hashim
ငါအရှင်မြတ်သည် ၎င်းတို့အား ထိုရေနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူအံ့သောငှာ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူအံ့သတည်း။
Hashim Tin Myint
ငါအရှင်မြတ်သည် သူတို့အား ထို‌ရေနှင့် ပတ်သက်၍ စမ်းသပ်‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား သတိ ရတသခြင်းမှ မျက်နှာလွှဲလျှင် အရှင်မြတ်သည် သူ့ကို ပြင်းထန်‌သော ပြစ်ဒဏ်ထဲတွင် ခံစား‌စေ‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek