×

ထို့ပြင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (မတ်တပ်ရပ်၍ မြဲမြံစွာ) ရပ်တည်သောအခါ (ရုပ်ပွားဆင်းတုများကို ကိုးကွယ်သည့် 72:18 Burmese translation

Quran infoBurmeseSurah Al-Jinn ⮕ (72:18) ayat 18 in Burmese

72:18 Surah Al-Jinn ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jinn ayat 18 - الجِن - Page - Juz 29

﴿وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا ﴾
[الجِن: 18]

ထို့ပြင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (မတ်တပ်ရပ်၍ မြဲမြံစွာ) ရပ်တည်သောအခါ (ရုပ်ပွားဆင်းတုများကို ကိုးကွယ်သည့် မယုံကြည်) သူတို့သည် ယင်း (တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် (လူတို့အား ဝတ်ပြုစဥ် ရွတ်ဖတ်သော ကျမ်းတော်၏အာယသ်တော်များကို ကြားနာခြင်းမှ တားဆီးရန်နှင့်လှောင်ပြောင်၍ အော်ဟစ် ကြရန်) ဝိုင်းအုံလာခဲ့ကြ၏။

❮ Previous Next ❯

ترجمة: وأن المساجد لله فلا تدعوا مع الله أحدا, باللغة البورمية

﴿وأن المساجد لله فلا تدعوا مع الله أحدا﴾ [الجِن: 18]

Ba Sein
၁၈။ ဝတ်ပြုရာနေရာများသည် အလ္လာဟ်အရှင်မြတ်အား ဝတ်ပြုဖို့သာလျှင်ဖြစ်၏။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်နှင့် ပူးတွဲ၍ မည်သည့်တစ်စုံတစ်ရာကိုမျှ ဝတ်မပြုကြလင့်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး (ငါ့ထံသို့ အမိန့်တော်ထုတ်ပြန် ခြင်းခံခဲ့ရလေ၏)။ ဧကန်မလွဲ ‘မတ်စ်ဂျစ်ဒ်’ပျပ်ဝပ် ဦးချရာနေရာများသည် ၎င်းအရှင်မြတ်နှင့်သာ သက်ဆိုင်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအရှင်မြတ်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်‌ကျောင်း‌တော်များသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်ခြင်း‌ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek