×

Surah Al-Jinn in Burmese

Quran Burmese ⮕ Surah Jinn

Translation of the Meanings of Surah Jinn in Burmese - البورمية

The Quran in Burmese - Surah Jinn translated into Burmese, Surah Al-Jinn in Burmese. We provide accurate translation of Surah Jinn in Burmese - البورمية, Verses 28 - Surah Number 72 - Page 572.

بسم الله الرحمن الرحيم

قُلْ أُوحِيَ إِلَيَّ أَنَّهُ اسْتَمَعَ نَفَرٌ مِّنَ الْجِنِّ فَقَالُوا إِنَّا سَمِعْنَا قُرْآنًا عَجَبًا (1)
(အို၊ ရစူလ်တမန်တော် သူတို့အား) ကျွန်ုပ်ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံခဲ့ရာ ဧကန်စင်စစ်၊ ဂျင်န်အုပ်စုတစ်စုသည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ကြားနာခဲ့ကြပြီးနောက် သူတို့သည် (သူတို့၏ဂျင်န် အမျိုးသားတို့ထံ ပြန်သွားခဲ့သောအခါ) ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အံ့သြဖွယ်ကောင်းပြီး နှစ်သက်ဝမ်းမြောက်ဖွယ်ရာဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ကြားနာခဲ့ကြရ၏။”ဟု ပြန်လည်ပြောပြခဲ့ကြ၏။
يَهْدِي إِلَى الرُّشْدِ فَآمَنَّا بِهِ ۖ وَلَن نُّشْرِكَ بِرَبِّنَا أَحَدًا (2)
ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းမှန်ကို ညွှန်ပြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် ယင်းကို သက်ဝင်ယုံကြည်ခဲ့ကြလေပြီ။ ထို့ပြင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ (မည်သည့်အခါမျှ) ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွဲ ဖက်တုပြိုင်နှိုင်းယှဉ်၍ ကြမည် မဟုတ်ပေ။
وَأَنَّهُ تَعَالَىٰ جَدُّ رَبِّنَا مَا اتَّخَذَ صَاحِبَةً وَلَا وَلَدًا (3)
ထို့ပြင် ဧကန်မုချ၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏ဂုဏ်ကျက်သရေ ခံ့ညားထည်ဝါမှုသည် မြင့်မြတ်လှပေ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ယောက်ကိုမျှ ကြင်ရာကြင်ဖက်အဖြစ် ရွေးကောက်တင်မြှောက်တော်မူခဲ့သည်လည်း မရှိပေ။ သားသမီးအဖြစ် ဖြစ်စေတော်မူခဲ့သည်လည်း မရှိချေ။
وَأَنَّهُ كَانَ يَقُولُ سَفِيهُنَا عَلَى اللَّهِ شَطَطًا (4)
ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်တို့အနက် (အသိဥာဏ်ခေါင်းပါးသော) တုံးအသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ (စည်းဘောင်ချိုးဖောက်ကျူးလွန်လျက် လုံးဝ လက်ခံနိုင်စရမရှိသော) အလွန်ပင် တရားလွန်သည့် အပြောအဆိုများကို ပြောဆိုလေ့ရှိကြ၏။
وَأَنَّا ظَنَنَّا أَن لَّن تَقُولَ الْإِنسُ وَالْجِنُّ عَلَى اللَّهِ كَذِبًا (5)
“ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လူသားတို့နှင့် (မမြင်ရသော) ဂျင်န်တို့က အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ဖီဆန်မှု (ဆိုင်ရာ အပြောအဆို) များကို မည်သည့်အခါမျှ ပြောဆိုကြလိမ့်မည် မဟုတ်။” ဟု ထင်မှတ်နေကြ၏။
وَأَنَّهُ كَانَ رِجَالٌ مِّنَ الْإِنسِ يَعُوذُونَ بِرِجَالٍ مِّنَ الْجِنِّ فَزَادُوهُمْ رَهَقًا (6)
ထို့ပြင် အမှန်စင်စစ်၊ လူသားများအနက်မှ ပုဂ္ဂိုလ်အချို့တို့သည် ဂျင်န်တို့အနက်မှ အချို့ထံတွင် ခိုလှုံလေ့ရှိခဲ့ကြပေရာ လူသားတို့သည် ဂျင်န်တို့၏ (ဘဝင်မြင့်ခြင်း၊ ပုန်ကန်မှုနှင့်လမ်းလွဲမှုစသော ပြစ်မှုဆိုင်ရာ) ဝန်ထုပ်ကြီးကို ပိုမို၍ တိုးပွားလေးလံစေ၏။
وَأَنَّهُمْ ظَنُّوا كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ اللَّهُ أَحَدًا (7)
(ထို့ပြင် ဧကန်မလွဲ၊ ထိုဂျင်န်တို့သည်လည်း သင်တို့ ထင်မြင်ယူဆကြသကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွန်လေပြီးသာ တမန်တော်များ ပြန်ရောက်လာခြင်း မရှိသည့်အတိုင်းပင်) ရှင် ပြန်ထစေတော်မူမည်မဟုတ်၊ ဟူ၍ ထင်မြင်ယူဆခဲ့ကြ၏၊
وَأَنَّا لَمَسْنَا السَّمَاءَ فَوَجَدْنَاهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا (8)
ထို့ပြင် ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကောင်းကင်ယံကို စူးစမ်း၍ ထိမိကြရာ ကျွန်ုပ်တို့သည် ယင်းကို ပြင်းထန်တင်းကျပ်သော အစောင့်အကြပ်တို့နှင့်အရှိန်ပြင်းစွာ တောက်လောင်နေသော မီးတောက်မီးလျှံတို့ဖြင့် ပြည့်နှက်နေကြောင်း တွေ့ရှိကြ (ပြီး ယင်းကို ချဥ်းကပ်လျင် ကြယ်ပျံ၊ ဥက္ကာပျံများ၏အန္တရာယ်ရှိကြောင်း တွေ့ ရှိကြ) လေ၏။
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَن يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَّصَدًا (9)
တစ်ဖန် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယင် (ကောင်းကင်ယံ) မှ (သတင်းစကားများ) နားထောင်နိုင်ရန် အခြေ အနေ၊ အနေအထားဆိုင်ရာ အထိုင်ကျမှု (ဆိုင်ရာသဘောထားရပ်တည်ချက်) တစ်ခုဖြင့် အထိုင်ကျ ရပ်တည်လို သော်လည်း ယနေ့အချိန်အထိ ထိုသို့နားထောင်လိုသူဟူသမျှသည်ကား သူ့အတွက် စောင့်စားနေသော အရှိန် ပြင်းစွာ တောက်လောင်နေသော မီးတောက်မီးလျှံ (ကြယ်ပျံ၊ ဥက္ကာပျံ) များကိုသာ တွေ့ တွေ့ရှိ၏။
وَأَنَّا لَا نَدْرِي أَشَرٌّ أُرِيدَ بِمَن فِي الْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا (10)
(ကောင်းကင်ယံမှ သတင်းစကားများကို နားစွန်နားဖျားကြားခြင်းကိုပင် ပိတ်ပင်တားဆီးတော်မူထားသောကြောင့်) ဧကန်ပင်၊ ကျွန်ုပ်တို့သည် မြေကမ္ဘာ၌ မှီတင်းနေထိုင်သူတို့နှင့်ပတ်သက်၍ (ကျွန်ုပ်တို့၏လုပ် ရပ်များဖြင့် မည်သို့) အဆိုးဆုံးအခြေအနေဖြစ်စေရန် ရည်ရွယ်နိုင်ကြောင်းကိုလည်းကောင်း၊ သို့တည်းမဟုတ် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အတွက် ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်သာ ရည်ရွယ်တော်မူကြောင်းကိုလည်းကောင်း (ကောင်းစွာ) သိကြသည် မဟုတ်ပေ။
وَأَنَّا مِنَّا الصَّالِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَائِقَ قِدَدًا (11)
ထို့ပြင် ဧကန်အမှန်၊ ကျွန်ုပ်တို့ထဲတွင် အချို့သည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသည့် သူတော်ကောင်းများရှိပြီး ကျွန်ုပ်တို့ထဲတွင် ထိုသို့ပြုကျင့်မှလွဲ၍ (အခြားသော လမ်းစဥ် များအတိုင်း ဘဝဆောက်တည်ကြသူများလည်းရှိခြင်းဖြင့်) မတူခွဲပြားခြားနားသော လမ်းစဥ်များနှင့် လူနေမှုစနစ်များရှိစေလျက် ဂိုဏ်းဂဏအုပ်စုအမျိုးမျိုး ဖြစ်ကြလေ၏။
وَأَنَّا ظَنَنَّا أَن لَّن نُّعْجِزَ اللَّهَ فِي الْأَرْضِ وَلَن نُّعْجِزَهُ هَرَبًا (12)
ထို့ပြင် ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လမ်းညွှန်တော် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကို ကြားနာ ကြရသောအခါ ကျွန်ုပ်တို့သည် ယင်းကို မဆိုင်းမတွ သက်ဝင်ယုံကြည်လာ၏။ စင်စစ်သော်ကား မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား သက်ဝင်ယုံကြည်လျှင် ထိုသူသည် (သူ၏ယုံကြည်မှုသစ္စာတရားနှင့်ယင်းသစ္စာတရား၏ လိုအပ်ချက်အရ ပြုကျင့်သော ကောင်းမှုကုသိုလ်ဆိုင်ရာ မည်သည့် အကျိုးဆုလဒ်မျှ) လျော့နည်းစေမှုနှင့်စပ်လျဥ်း၍လည်းကောင်း၊ (မည်သည့်) မတရား (အဓမ္မ) စေခိုင်းမှုကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ရမည် မဟုတ်ပေ။
وَأَنَّا لَمَّا سَمِعْنَا الْهُدَىٰ آمَنَّا بِهِ ۖ فَمَن يُؤْمِن بِرَبِّهِ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا (13)
တစ်ဖန် ဧကန်မလွဲ၊ ကျွန်ုပ်တို့ထဲတွင် အချို့သည် (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့် တော်များကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ကြပြီး အချို့မှာမူ အရှင့်အမိန့် တော်များကို မတရားအာခံဖီဆန်လျက် (တရားလမ်းမှန်မှ) လမ်းလွဲသွေဖည်ကြသူများ ဖြစ်ကြ၏။ မည်သူမဆို (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့်တော်များကို) နာခံလိုက်နာလျက် ငြိမ်းချမ်း ရေးလိုလားလျှင် ထိုသူတို့သည် (သူတို့၏ယုံကြည်မှုနှင့်လုပ်ရပ်များဖြင့်) တရားလမ်းမှန်ကို ရှာဖွေ ရရှိကြသူများပင် ဖြစ်ကြ၏။
وَأَنَّا مِنَّا الْمُسْلِمُونَ وَمِنَّا الْقَاسِطُونَ ۖ فَمَنْ أَسْلَمَ فَأُولَٰئِكَ تَحَرَّوْا رَشَدًا (14)
သို့ရာတွင် (အရှင့်အမိန့်တော်များကို မတရားသဖြင့် အာခံဖီဆန်လျက် တရားလမ်းမှန်မှ) လမ်းလွဲသွေ ဖည်ကြသူတို့သည်ကား ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြ၏။
وَأَمَّا الْقَاسِطُونَ فَكَانُوا لِجَهَنَّمَ حَطَبًا (15)
ထို့ပြင် အကယ်၍သာ (လူသားနှင့်ဂျင်န်များဖြစ်ကြသော) သူတို့သည် (အစ္စလာမ့်) တရားလမ်းမှန်ပေါ်၌ တည်ကြည်ဖြောင့်မတ်၍ ကြံ့ခိုင်စွာ ရပ်တည်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ရေ (နှင့်စားနပ်ရိက္ခာ) ကို အလျှံပယ် (ချီးမြှင့်ပေးအပ်တော်မူ၍) ဖောဖောသီသီ တိုက်ကျွေးတော်မူမည်ဖြစ်၏။
وَأَن لَّوِ اسْتَقَامُوا عَلَى الطَّرِيقَةِ لَأَسْقَيْنَاهُم مَّاءً غَدَقًا (16)
ငါအရှင်မြတ်သည် ချီးမြှင့်ပေးအပ်တော်မူသောအရာ (ရေနှင့်ရိက္ခာအထောက်အပံ့) များ၌ သူတို့အား စမ်းသပ်တော်မူရန်အလို့ငှာ ဖြစ်၏။ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ကျမ်းတော်ပါ လမ်းညွှန်ချက်များ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းမှ မျက်နှာလွှဲ ကျောခိုင်းသည်ရှိသော် ထိုအရှင်မြတ်သည် သူ့အား အမြဲထာဝရ တိုးမြှင့်ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူမည်။
لِّنَفْتِنَهُمْ فِيهِ ۚ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِ يَسْلُكْهُ عَذَابًا صَعَدًا (17)
ထို့ပြင် ဝတ်ပြုရာ နေရာအားလုံး (ဦးချစဉ် အသုံးချသည့် ခန္ဓာကိုယ်အစတ်အပိုင်းအားလုံး) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်နှင့်အညီ နာခံလိုက်နာရန်) အတွက်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ (တွဲဖက် တုပြိုင်၍ အခြား) မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုင်တည်ဆုတောင်းခြင်း မပြုကြလေနှင့်။
وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا (18)
ထို့ပြင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (မတ်တပ်ရပ်၍ မြဲမြံစွာ) ရပ်တည်သောအခါ (ရုပ်ပွားဆင်းတုများကို ကိုးကွယ်သည့် မယုံကြည်) သူတို့သည် ယင်း (တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် (လူတို့အား ဝတ်ပြုစဥ် ရွတ်ဖတ်သော ကျမ်းတော်၏အာယသ်တော်များကို ကြားနာခြင်းမှ တားဆီးရန်နှင့်လှောင်ပြောင်၍ အော်ဟစ် ကြရန်) ဝိုင်းအုံလာခဲ့ကြ၏။
وَأَنَّهُ لَمَّا قَامَ عَبْدُ اللَّهِ يَدْعُوهُ كَادُوا يَكُونُونَ عَلَيْهِ لِبَدًا (19)
(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အားသာလျှင် နာခံကိုးကွယ်လျက် (လူသားအားလုံးကို) အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်ရုံသာမက ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုပေ။”ဟု ဟောပြောလော့။
قُلْ إِنَّمَا أَدْعُو رَبِّي وَلَا أُشْرِكُ بِهِ أَحَدًا (20)
(အို၊ ရစူလ်တမန်တော် သူတို့အား) “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အား ဆုံးရှုံးနစ်နာစေရန်လည်း ကောင်း၊ တရားလမ်းမှန်ညွှန်ပြလျက် ကောင်းကျိုးပြုလည်းကောင်း အခွင့်အာဏာပိုင်ဆိုင်ထားသည် မဟုတ်ပေ။” ဟု ဟောလော့။
قُلْ إِنِّي لَا أَمْلِكُ لَكُمْ ضَرًّا وَلَا رَشَدًا (21)
(အို၊ ရစူလ်တမန်တော် သူတို့အား) “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အား ဆုံးရှုံးနစ်နာစေရန်လည်းကောင်း၊ တရားလမ်းမှန်ညွှန်ပြလျက် ကောင်းကျိုးပြုလည်းကောင်း အခွင့်အာဏာပိုင်ဆိုင်ထားသည် မဟုတ် ပေ။” ဟု ဟောလော့။
قُلْ إِنِّي لَن يُجِيرَنِي مِنَ اللَّهِ أَحَدٌ وَلَنْ أَجِدَ مِن دُونِهِ مُلْتَحَدًا (22)
(အို၊ ရစူလ်တမန်တော် သူတို့အား အကယ်၍ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့လျှင်) “မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) မှ (မည်သည့်နည်းနှင့်မျှ) အလျှင်း ကာကွယ် စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်သည် ထိုအရှင်မြတ် (ထံတော်) မှအပ (အခြား မည်သည့်) ခိုလှုံရာနေရာကိုမျှ အလျှင်း တွေ့နိုင်မည် မဟုတ်ပေ။” ဟု ဟောလော့။
إِلَّا بَلَاغًا مِّنَ اللَّهِ وَرِسَالَاتِهِ ۚ وَمَن يَعْصِ اللَّهَ وَرَسُولَهُ فَإِنَّ لَهُ نَارَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا (23)
(အမှန်စင်စစ်၊ ကျွန်ုပ်လုပ်နိုင်သည့်အရာနှင့်မဖြစ်မနေ လုပ်ရန်တာဝန်ရှိသည်မှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ (ကျွန်ုပ်အား ချမှတ်ပေးအပ်တော်မူသည့်အမိန့်တော်များနှင့်ယခင်တမန်တော်များထံ ချမှတ်ပေးအပ်တော်သော) အရှင်မြတ်၏အမိန့်တော်ပညတ်ချက်များကို လူသားတို့ထံအရောက် ပို့ဆောင်ရန်သာဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်အမှုတော်တော်ဆောင် ရစူလ်တမန်တော်ကို အာခံဖီဆန်လျှင် ဧကန်ပင်၊ ထိုသူအတွက် ငရဲမီးသာရှိပြီး ယင်း (ငရဲဘုံ) ၌ အစဉ်ထာဝရ နေထိုင်ခံစားရမည်သာ ဖြစ်၏။
حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ فَسَيَعْلَمُونَ مَنْ أَضْعَفُ نَاصِرًا وَأَقَلُّ عَدَدًا (24)
(သူတို့သည် အသင်တမန်တော်အား နောက်လိုက်အနည်းငယ်နှင့်အားနည်းသူအဖြစ် ဆက်လက်တွေ့ မြင်၍ သေးသိမ်စေလိုကြသော်လည်း) သူတို့သည် သူတို့အတွက် ကတိထားတော်မူသည့် (ပြစ်ဒဏ်ဖြစ်သော ငရဲမီး) ကို တွေ့မြင်ကြလေသောအခါ မည်သူသည် အလွန်အားနည်းသော ကူညီစောင်မသူဖြစ်ပြီး နောက်လိုက် အရေအတွက် နည်းပါးကြောင်းကို ဧကန်မုချပင် သိလာကြလိမ့်မည်။
قُلْ إِنْ أَدْرِي أَقَرِيبٌ مَّا تُوعَدُونَ أَمْ يَجْعَلُ لَهُ رَبِّي أَمَدًا (25)
(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် သင်တို့အတွက် ကတိထားတော်မူသည့်အရာ (နှင့်မျက်နှာချင်းဆိုင်ရင်ဆိုင်ကြုံတွေ့ရမည့် အချိန်ကာလ) နီးကပ်လာပြီလော ဟူသည်ကို မသိပေ၊ သို့တည်းမဟုတ် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ယင်း (ကတိထား တော်မူသည့်အချိန်ကာလ) အတွက် (ရွေ့ဆိုင်းခွင့်ပေးထားတော်မူ၍) ရေရှည်ကာလအထိ အဓွန့်ရှည်စေတော်မူမည်လော ဟူသည်ကိုလည်း ကျွန်ုပ် မသိပေ။” ဟု ဟောလော့။
عَالِمُ الْغَيْبِ فَلَا يُظْهِرُ عَلَىٰ غَيْبِهِ أَحَدًا (26)
(ထိုအရှင်မြတ်သည်ပင် လူသားတို့၏အသိအမြင် ပြင်ပတွင်ရှိနေသော) မျက်ကွယ်ရာဟူသမျှကို သိနေတော်မူသည့် အရှင်မြတ်ဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် မျက်ကွယ်ရာ၌ထားရှိတော်မူသည့်အရာများအား (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ (အသိပေး) ထုတ်ဖော်ဖွင့်ချတော်မူ သည် မဟုတ်ပေ။
إِلَّا مَنِ ارْتَضَىٰ مِن رَّسُولٍ فَإِنَّهُ يَسْلُكُ مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ رَصَدًا (27)
သို့ရာတွင် ထိုအရှင်မြတ်သည် အရှင်မြတ်ကျေနပ်နှစ်သက်တော်မူသော ရစူလ်တမန်တော်အား (မျက် ကွယ်ရာ၌ထားရှိတော်မူသည့်အရာများနှင့်စပ်လျဥ်း၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အသိပေးအ ကြောင်းကြားတော်မူပေရာ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ထိုရစူလ်တမန်တော်၏ရှေ့ (တမန်တော်နှင့်တမန်တော်၏နောက်လိုက်များကြား) ၌လည်းကောင်း၊ တမန်တော်၏နောက် (တမန်တော်နှင့်မူရင်းဝဟီအမိန့် တော်ချမှတ်ပေးအပ်ခြင်းကြား) ၌လည်းကောင်း၊ စောင့်ကြပ်သူ (ကောင်းကင်စေတမန်) ကို စေလွှတ်တော်မူ၏။
لِّيَعْلَمَ أَن قَدْ أَبْلَغُوا رِسَالَاتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَيْءٍ عَدَدًا (28)
(ယင်းသို့ စီမံဖြစ်စေတော်မူခြင်းမှာ ရစူလ်တမန်တော်များနှင့်ကောင်းကင်စေတမန်သည်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ထုတ်ပြန်ချက်များ (ကျမ်းစာ များ) ကို ဧကန်မုချပင် လူသားတို့ထံအရောက် ပို့ဆောင်သွန်သင်ရမည်ကို သိနားလည်စေတော်မူရန်အလို့ငှာပင် ဖြစ်ပြီး သူတို့လက်ဝယ်၌ရှိသောအရာ (အမိန့်ထုတ်ပြန်ချက်) အားလုံးနှင့်စပ်လျဉ်း၍ လွမ်းခြုံထိန်းသိမ်းထားစေတော်မူကာ အရာခပ်သိမ်းတို့ကို တစ်ခုပြီးတစ်ခု (အစီစဉ်အတိုင်း အတိအကျ တွက်ချက်စေတော်မူလျက်) မှတ်တမ်းတင်စေတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့်ကောင်းကင်တမန်) တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas