Quran with Burmese translation - Surah Al-Jinn ayat 28 - الجِن - Page - Juz 29
﴿لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ﴾
[الجِن: 28]
﴿ليعلم أن قد أبلغوا رسالات ربهم وأحاط بما لديهم وأحصى كل شيء﴾ [الجِن: 28]
Ba Sein ၂၈။ သို့ချထားတော်မူခြင်းအကြောင်းရင်းကား တမန်တော်များသည် မိမိတို့အရှင်သခင်၏ တရားဗျာဒိတ်တော်များကို အမှန်ပင် ဟောပြောကြေငြာပြီးကြောင်းကို သိစိမ့်သောငှာဖြစ်၏၊ စင်စစ်မှာ အရှင်မြတ်သည် သူတို့၏ပြုကျင့် မှုများကို ဝန်းဝိုင်းထားတော်မူ၏၊ အရာခပ်သိမ်းကုန်တို့ကို အကြွင်းမကျန် အကုန်အစင် စာရင်းတင်ထားတော်မူ၏။ |
Ghazi Mohammad Hashim (ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) ထို(ရစူလ် တမန်တော်များသည်လည်းကောင်း၊ ကောင်းကင် တမန်များသည်လည်းကောင်း၊) မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ အကြောင်းကြားချက်တို့ကို (တိကျမှန်ကန်စွာ)ပို့ဆောင်ခဲ့ကြသည်ကို ထို အရှင် သိတော်မူအံ့သောငှာ (ပြုလုပ်တော်မူခြင်း) ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့် ကောင်းကင်တမန်)တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။ |
Hashim Tin Myint ထိုသူများ (လူသားတမန်တော်များနှင့် ကောင်းကင်တမန်များ)သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အကြောင်းကြားချက်များအား ပို့ဆောင်ခဲ့ကြ သည်ကို အရှင်မြတ် သိတော်မူရန်အတွက် (ထိုသို့ ပြုလုပ်ရခြင်း)ဖြစ်သည်။###၇ ထို့ပြင် အရှင်မြတ်သည် သူတို့၏ အခြေအနေအားလုံးကို ဝန်းရံထားတော်မူသည်။ ထို့ပြင် အရာအားလုံး၏ အရေအတွက်ကိုလည်း ရေတွက်မှတ်သားထားတော်မူပြီးဖြစ်သည်။ |