Quran with Burmese translation - Surah Al-Muzzammil ayat 8 - المُزمل - Page - Juz 29
﴿وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلٗا ﴾
[المُزمل: 8]
﴿واذكر اسم ربك وتبتل إليه تبتيلا﴾ [المُزمل: 8]
Ba Sein ၈။ သို့သော်သင်သည် မိမိ၏အရှင်သခင်၏ နာမတော်ကို သတိရလျက် အရှင်မြတ်အား လုံးလုံးစွဲလမ်း၍ ကိုးကွယ် ဆည်းကပ်လော့။ |
Ghazi Mohammad Hashim ၎င်းပြင် သင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို ရွတ်ဆို တသပါလေ။ ထိုမှတစ်ပါး အသင်သည် အနှောင်အဖွဲ့ဟူသမျှတို့ကို ဖြတ်တောက်၍ ထိုအရှင်မြတ်ဘက်သို့သာလျှင် အာရုံစူးစိုက်လျက် ရှိပါလေ။ |
Hashim Tin Myint ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုတသပါ။ ထို့ပြင် အသင်သည် (လောကီရေးရာ လုပ်ငန်းဆောင်တာ) သံယောဇဉ် အတွယ်အတာများကို ဖြတ်တောက်ပြီး အရှင်မြတ်ဘက်သို့ပင် အာရုံစူးစိုက်လှည့်ပါ။ |