Quran with Burmese translation - Surah Al-Insan ayat 29 - الإنسَان - Page - Juz 29
﴿إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلٗا ﴾
[الإنسَان: 29]
﴿إن هذه تذكرة فمن شاء اتخذ إلى ربه سبيلا﴾ [الإنسَان: 29]
Ba Sein ၂၉။ စင်စစ်အားဖြင့် ဤကုရ်အာန်ကျမ်းမြတ်သည် အဆုံးအမကျမ်းတော်မြတ်ဖြစ်၏၊ အလိုရှိသူမည်သူမဆို မိမိအရှင် သခင်အထံတော်သို့ ရောက်ရာလမ်းတော်ကို ယူနိုင်စေရန်ဖြစ်၏။ |
Ghazi Mohammad Hashim ဧကန်မလွဲ ဤ "စူရဟ်" ကဏ္ဍသည် ဆုံးမဩဝါဒပင်ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိပါလျင် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်အထံတော်သို့ (သွားရာ)လမ်းကို ရွေးချယ်ရမည်သာ။ |
Hashim Tin Myint အမှန်စင်စစ် ဤသည် ဆုံးမဩဝါဒပင်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို အလိုရှိလျှင် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ (သွားသည့်)လမ်းကိုရွေးချယ်ရမည် ဖြစ်သည်။ |