Quran with Burmese translation - Surah Al-Insan ayat 28 - الإنسَان - Page - Juz 29
﴿نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا ﴾
[الإنسَان: 28]
﴿نحن خلقناهم وشددنا أسرهم وإذا شئنا بدلنا أمثالهم تبديلا﴾ [الإنسَان: 28]
Ba Sein ၂၈။ ငါသည် ထိုသူတို့ကို ဖန်ဆင်းတော်မူ၏၊ သူတို့၏ ကိုယ်ခန္ဓာကို အင်အားဖြည့်တင်းကြံ့ခိုင်စေတော်မူ၏၊ သို့သော်ငါသည် အလိုတော်ရှိသောအခါ ထိုသူတို့အားလုံးကို ကွပ်မျက်တော်မူပြီးလျှင် သူတို့အစားသူတို့နှင့် တူသောအခြားလူတို့ကို ယူခဲ့နိုင်တော်မူ၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည်ပင် ၎င်းတို့၏ (ခန္ဓာကိုယ်၏) အဆစ်အဆက် အဆစ်အပိုင်းတို့ကို (အကြောအခြင်များဖြင့် ချည်နှောင်၍) ခိုင်ခံ့တော်မူစေခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အလိုရှိတော်မူသောအခါဝယ် ၎င်းတို့၏အစား ၎င်းတို့ကဲ့သို့ သောသူတို့အား လဲလှယ်တော်မူပေမည်။ |
Hashim Tin Myint ငါအရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်းတော်မူခဲ့သည့်အပြင် ငါအရှင်မြတ်သည်ပင် သူတို့၏ အဆစ်အမြစ်များ (အကြောများကြွက်သားများ)ကို ခိုင်ခံ့စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အလိုရှိတော်မူသောအခါ သူတို့၏ အစားသူတို့ကဲ့သို့ လူများကို လဲလှယ်တော်မူမည်။ |