Quran with Burmese translation - Surah Al-Anfal ayat 17 - الأنفَال - Page - Juz 9
﴿فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ﴾
[الأنفَال: 17]
﴿فلم تقتلوهم ولكن الله قتلهم وما رميت إذ رميت ولكن الله رمى﴾ [الأنفَال: 17]
Ba Sein ၁၇။ ယုံကြည်သူတို့ သင်တို့သည် ရန်သူမိစ္ဆာဒိဌိတို့ကို သတ်ဖြတ်သည်မဟုတ်၊ အလ္လာဟ်အသျှင်မြတ် ကွပ်မျက်တော်မူသည်သာဖြစ်၏။ သင်တို့ မိုဟမ္မဒ်သည် ရန်သူတို့ကို ပစ်ခတ်သောအခါ သင်ပစ်ခတ် သည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ် ပစ်ခတ်တော်မူသည်သာဖြစ်၏။ ယင်းသို့ စီရင်တော်မူခြင်းမှာ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့ကို အထံတော်မှ မင်္ဂလာရှိသော စုံစမ်းခြင်းဖြင့် စုံစမ်းဖို့ရာ ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် ဖြစ်တော် မူသည်ကို မှတ်သားကြလော့။ |
Ghazi Mohammad Hashim အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint ထို့နောက် အသင်တို့သည် ထို(ကာဖိရ်ငြင်းပယ်သော)သူများအား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သူတို့အား သတ်ဖြတ်တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အသင်(တမန်တော်)သည် (သူတို့အား သဲများနှင့်)ပစ်ပက်စဉ်ကလည်း အသင်ပစ်ပက်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ပစ်ပက်တော်မူခဲ့ခြင်းဖြစ်သည်။* ၎င်းပြင် ယုံကြည်သောသူများအား အရှင်မြတ်ထံတော်မှ ကောင်းမွန်သောစမ်းသပ်မှုနှင့် စမ်းသပ်ကျေးဇူးပြုတော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |