×

မည်သူမဆို စစ်ရေးနည်းဗျူဟာအရ (အကွက်ဆင်ရန်) သို့မဟုတ် အခြားတပ်ဖွဲ့ဆီသို့ စစ်ကူအဖြစ် ပူးပေါင်းရန် ရည်ရွယ်ခြင်းမှအပ ရန်သူကို ကျောခိုင်း၍ ရှောင်ပြေးကြလျှင် ထိုသူသည် 8:16 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:16) ayat 16 in Burmese

8:16 Surah Al-Anfal ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 16 - الأنفَال - Page - Juz 9

﴿وَمَن يُوَلِّهِمۡ يَوۡمَئِذٖ دُبُرَهُۥٓ إِلَّا مُتَحَرِّفٗا لِّقِتَالٍ أَوۡ مُتَحَيِّزًا إِلَىٰ فِئَةٖ فَقَدۡ بَآءَ بِغَضَبٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴾
[الأنفَال: 16]

မည်သူမဆို စစ်ရေးနည်းဗျူဟာအရ (အကွက်ဆင်ရန်) သို့မဟုတ် အခြားတပ်ဖွဲ့ဆီသို့ စစ်ကူအဖြစ် ပူးပေါင်းရန် ရည်ရွယ်ခြင်းမှအပ ရန်သူကို ကျောခိုင်း၍ ရှောင်ပြေးကြလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြစ်တင်ရှုတ်ချမှု (အမျက်တော်) ကို မုချပင် ခံရမည်ဖြစ်ပြီး (အရှင့်မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးရမည်) ဖြစ်၏။ ထို့ပြင် သူ၏နောက်ဆုံးခိုလှုံစခန်း (ပန်းတိုင်) မှာ ငရဲဘုံပင် ဖြစ်၏။ စင်စစ်မူကား ထိုရည်မှန်းချက်ပန်းတိုင်သည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှပေ၏။

❮ Previous Next ❯

ترجمة: ومن يولهم يومئذ دبره إلا متحرفا لقتال أو متحيزا إلى فئة فقد, باللغة البورمية

﴿ومن يولهم يومئذ دبره إلا متحرفا لقتال أو متحيزا إلى فئة فقد﴾ [الأنفَال: 16]

Ba Sein
၁၆။ အကြင်သူသည် စစ်အချီအတက် လွှဲပြောင်းရန်သော်လည်းကောင်း၊ အခြားစစ်တပ်များနှင့် ပူးပေါင်း ဆုံမိရန်သော်လည်းကောင်း၊ မဟုတ်ဘဲ အခြားအကြောင်းများကြောင့် စစ်မြေပြင်၌ ရန်သူများကို ကျောပေး၏။ ထိုသူသည် အလ္လာဟ်အသျှင်မြတ်အား အမှန်ပင် အမျက်ထွက်တော်မူစေ၏။ ထိုသူ၏ နေရာဌာနသည် အလွန်ဆိုးယုတ်သော ခရီးဆုံးဖြစ်သည့် ငရဲသာတည်း။
Ghazi Mohammad Hashim
အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့‌နောက် မည်သူမဆို ထို‌နေ့တွင် ချီတက်မှုလွှဲ‌ပြောင်းစစ်ဆင်ခြင်း သို့မဟုတ် (မိမိ၏)တပ်ဖွဲ့တစ်ဖွဲထံသို့ ပူး‌ပေါင်း‌နေရာယူခြင်းမှလွဲ၍ သူတို့ကို ‌ကျောခိုင်းသွားခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်‌တော်သင့်၍ ပြန်ခဲ့သည်ပင်ဖြစ်သည်။ ၎င်းပြင် ဂျဟန္နမ်ငရဲဘုံသည် သူ၏‌နေရာထိုင်ခင်း ဖြစ်သည်။ ထို့ပြင် (ငရဲဘုံသည်) အဘယ်မျှ ဆိုးရွား‌သော ပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek