×

အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျှင် 8:29 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:29) ayat 29 in Burmese

8:29 Surah Al-Anfal ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 29 - الأنفَال - Page - Juz 9

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَتَّقُواْ ٱللَّهَ يَجۡعَل لَّكُمۡ فُرۡقَانٗا وَيُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَيَغۡفِرۡ لَكُمۡۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ﴾
[الأنفَال: 29]

အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျှင် သင်တို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် သင်တို့၏စိတ်နှလုံး၌) အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့်စံချိန် မှတ်ကျောက်တစ်မျိုးကို ဖြစ်ပေါ်စေတော်မူလိမ့်မည်။ ထို့ပြင် သင်တို့ထံမှ မကောင်းမှုဒုစရိုက်ဆိုင်ရာ ပြုမူကျင့်ကြံမှုများကို ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး (သင်တို့၏ချွတ်ချော်မှားယွင်းမှုများကို) သင်တို့အတွက် လွတ်ငြိမ်းခွင့် ဖြစ်စေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အပေါ် မေတ္တာထားတော်မူရန်အလို့ငှာ) အလွန်ကြီးကျယ်သော ရက်ရောမှုနှင့်ကျေးဇူးတော်ကို ပိုင်ဆိုင်ထားတော်မူသော အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ယူကြလော့။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا إن تتقوا الله يجعل لكم فرقانا ويكفر عنكم سيئاتكم, باللغة البورمية

﴿ياأيها الذين آمنوا إن تتقوا الله يجعل لكم فرقانا ويكفر عنكم سيئاتكم﴾ [الأنفَال: 29]

Ba Sein
၂၉။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အမှုတော်ကို ကြေကုန်လျှင် အသျှင်ိ မြတ်သည် သင်တို့အား အမှားအမှန်ကို ခွဲခြားဖို့ရာ စံချိန်ပေးသနားတော်မူမည်။ သင်တို့ထံမှ မိမိတို့၏ မကောင်းစိတ်နှင့် မကောင်းမှုများကို ဖယ်ရှားတော်မူမည်။ သင်တို့ကို အပြစ်လွှတ်တော်မူမည်။ အလ္လာဟ်အသျှင်မြတ်သည် အနန္တကောင်းချီးမင်္ဂလာတော်သခင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြလျှင် အရှင်မြတ်သည် အသင်တို့အား (အမှားနှင့်အမှန်)ခွဲခြားသိရှိနိုင်‌စေ‌သောအရာ*ကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့၏ မ‌ကောင်းမှုများကိုလည်း ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမား‌သော ‌ကျေးဇူး‌တော်ရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek