Quran with Burmese translation - Surah Al-Anfal ayat 30 - الأنفَال - Page - Juz 9
﴿وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ﴾
[الأنفَال: 30]
﴿وإذ يمكر بك الذين كفروا ليثبتوك أو يقتلوك أو يخرجوك ويمكرون ويمكر﴾ [الأنفَال: 30]
Ba Sein ၃ဝ။ မယုံကြည်သူတို့သည် သင်မိုဟမ္မဒ်အား သေလောက်အောင် နာကျင်စေရန်ကိုသော်လည်းကောင်း၊ သတ်ပစ်ရန်ကိုသော်လည်းကောင်း၊ မောင်းနှင်ထုတ်ရန်ကိုသော်လည်းကောင်း ကြံစည်အားထုတ် သောအခါ သူတို့သည် အကြံထုတ်ကြ၏။ အလ္လာဟ်အသျှင်မြတ်လည်း အကြံထုတ်တော်မူ၏။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် အကြံထုတ်သူအပေါင်းတို့၌ အထွဋ်အခေါင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော် အသင်သည် ပြန်လည်၍ သတိရပါလေ။) အကြင်အခါ၌ ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့် ပတ်သက်၍အသင့် အား ဖမ်းဆီးချုပ်နှောင် ကြရန်သော်လည်းကောင်း၊အသင့်အား သတ်ဖြတ်ကြ ရန်သော်လည်းကောင်း၊ အသင့်အား(မက္ကဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျို့ဝှက်စွာကြံစည်လျက်ရှိကြကုန်၏။ (ထိုစဉ်အခါဝယ်)၎င်းတို့သည် (မိမိတို့၏ အကြံအစည်များကို) ကြံစည်လျက် ရှိကြလေသည်။အလ္လာဟ်အရှင်မြတ်သည်လည်း (မိမိအကြံအစည်ကို)ကြံစည်လျက် ရှိတော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးကြံစည်နိုင် တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက ကာဖိရ်ငြင်းပယ်သူများသည် အသင်(တမန်တော်)နှင့်ပတ်သက်၍ အသင့်အား ဖမ်းချုပ်ရန်၊ သို့မဟုတ် အသင့်အား သတ်ဖြတ်ရန်၊ သို့မဟုတ် အသင့်အား(မက္ကဟ်မြို့မှ)နှင်ထုတ်ကြရန် (တိတ်ဆိတ်စွာ)ကြံစည်နေကြသည်။ ထို့ပြင် သူတို့သည် (သူတို့၏ကြံစည်မှုများကို)ကြံစည်နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်လည်း (အရှင်မြတ်၏ကြံစည်မှုကို)ကြံစည်နေတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ကြံစည်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |