×

ဖါရို၏ (မင်းမျိုးမင်းနွယ်၊ မှူးမတ်များနှင့်စစ်ဦးစီးချုပ်များပါဝင်သည့်) အပေါင်းအပါများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြသော ရှေးခေတ်လူတို့က အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံကြည်ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့၏ပြစ်မှုဒုစရိုက်ကျူးလွန်မှုများနှင့်အညီ အလ္လာဟ်အရှင်မြတ်က အရေးယူဒဏ်ခတ်တော်မူခဲ့သည့် 8:52 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:52) ayat 52 in Burmese

8:52 Surah Al-Anfal ayat 52 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 52 - الأنفَال - Page - Juz 10

﴿كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡۚ إِنَّ ٱللَّهَ قَوِيّٞ شَدِيدُ ٱلۡعِقَابِ ﴾
[الأنفَال: 52]

ဖါရို၏ (မင်းမျိုးမင်းနွယ်၊ မှူးမတ်များနှင့်စစ်ဦးစီးချုပ်များပါဝင်သည့်) အပေါင်းအပါများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြသော ရှေးခေတ်လူတို့က အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံကြည်ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့၏ပြစ်မှုဒုစရိုက်ကျူးလွန်မှုများနှင့်အညီ အလ္လာဟ်အရှင်မြတ်က အရေးယူဒဏ်ခတ်တော်မူခဲ့သည့် နည်းစနစ်အတိုင်းပင် (သင်တို့ကိုလည်း အရေးယူတော်မူနိုင်၏။) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် စွမ်းအားတော်အလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ ဒဏ်ခတ်အရေးယူတော် မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: كدأب آل فرعون والذين من قبلهم كفروا بآيات الله فأخذهم الله بذنوبهم, باللغة البورمية

﴿كدأب آل فرعون والذين من قبلهم كفروا بآيات الله فأخذهم الله بذنوبهم﴾ [الأنفَال: 52]

Ba Sein
၅၂။ သူတို့သွားရာလမ်းသည် ဖာရောမင်း၏ အမျိုးသားတို့နှင့် သူတို့အထက် ရှေးကျသောသူတို့၏ သွားရာလမ်းကဲ့သို့ဖြစ်၏။ သူတို့သည် အလ္လာဟ်နှုတ်ကပတ်တော်များကို မယုံကြည်ကြ။ အလ္လာဟ် အသျှင်မြတ်သည် သူတို့ကို ပြစ်မှုကျူးလွန်နေစဉ်ခေါ်ယူတော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ် အသျှင်မြတ်သည် တန်ခိုးခွန်အားကြီးတော်မူ၏။ အပြစ်ဒဏ်ခတ်ရာ၌ ခက်ထန်ပြင်းထန်တော်မူ၏။
Ghazi Mohammad Hashim
(ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
Hashim Tin Myint
(ထိုအပြစ်ခံရ‌သော ကာဖိရ်များ၏အ‌ခြေအ‌နေသည်)ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏ အ‌ခြေအ‌နေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ အ‌ခြေအ‌နေကဲ့သို့ ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သူတို့၏ မ‌ကောင်းမှုများ‌ကြောင့် အ‌ရေးယူကွပ်မျက်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ အလွန်ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek