Quran with Burmese translation - Surah Al-Anfal ayat 53 - الأنفَال - Page - Juz 10
﴿ذَٰلِكَ بِأَنَّ ٱللَّهَ لَمۡ يَكُ مُغَيِّرٗا نِّعۡمَةً أَنۡعَمَهَا عَلَىٰ قَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ﴾
[الأنفَال: 53]
﴿ذلك بأن الله لم يك مغيرا نعمة أنعمها على قوم حتى يغيروا﴾ [الأنفَال: 53]
Ba Sein ၅၃။ ယင်းသို့ အပြစ်ဒဏ်ခတ်တော်မူခြင်းမှာ အလ္လာဟ်အသျှင်မြတ်သည် လူမျိုးတစ်မျိုးအား မိမိပေးသနား တော်မူသော ကောင်းကြီးမင်္ဂလာတော်ကို ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံးအတွင်းရှိသည်ကို ရှေးဦးပထမ မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မမူသောကြောင့်ဖြစ်၏။ အသျှင်မြတ် သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint ဤသည် အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတစ်မျိုးအပေါ်၌ ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမှ ထိုလူမျိုးများသည် သူတို့ကိုယ်တိုင် သူတို့၏အခြေအနေကို မပြောင်းလဲသရွေ့ ပြောင်းလဲပေးတော်မမူပေ။* ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |