Quran with Burmese translation - Surah Al-Anfal ayat 54 - الأنفَال - Page - Juz 10
﴿كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِ رَبِّهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَۚ وَكُلّٞ كَانُواْ ظَٰلِمِينَ ﴾
[الأنفَال: 54]
﴿كدأب آل فرعون والذين من قبلهم كذبوا بآيات ربهم فأهلكناهم بذنوبهم وأغرقنا﴾ [الأنفَال: 54]
Ba Sein ၅၄။ သူတို့၏သွားရာလမ်းသည် ဖာရောမင်း၏ အမျိုးသားနှင့် ၎င်းတို့ထက် ကျေးရှသော သူတို့၏လမ်းနှင့် အတူတူဖြစ်၏။ သူတို့သည် မိမိတို့၏ ကျေးဇူးတော်သခင်၏ နှုတ်ကပတ်တော်များကို မယုံကြည် ဖယ်ရှားကြ၏။ ထို့ကြောင့် ငါအသျှင်မြတ်သည် သူတို့အား ၎င်းအပြစ် ကျူးကျော်နေစဉ် သုတ်သင် ရှင်းလင်းတော်မူ၏။ ဖာရောမင်း၏ အသင်းသားများကို ရေနှစ်သတ်တော်မူ၏။ သူတို့အားလုံးသည် အကုသိုလ်ပွားများသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim (မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏အခြေအနေကား)ဖရ်အောန်၏အခြွေအရံများ၏အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ပေသည်။ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏အခြွေအရံတို့ကိုနစ်မြုပ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့အားလုံးသည်ပင် မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint (ထိုကာဖိရ်များ၏အခြေအနေသည်)ဖိရ်အောင်န်၏ အခြွေအရံများ၏ အခြေအနေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြသောသူများ၏ အခြေအနေကဲ့သို့ ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို သူတို့၏ မကောင်းမှုများကြောင့် ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်အောင်န်၏အခြွေအရံများကို နစ်မြှပ်စေတော်မူခဲ့သည်။ ၎င်းပြင် သူတို့အားလုံးသည် မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။ |