Quran with Burmese translation - Surah Al-Anfal ayat 75 - الأنفَال - Page - Juz 10
﴿وَٱلَّذِينَ ءَامَنُواْ مِنۢ بَعۡدُ وَهَاجَرُواْ وَجَٰهَدُواْ مَعَكُمۡ فَأُوْلَٰٓئِكَ مِنكُمۡۚ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمُۢ ﴾
[الأنفَال: 75]
﴿والذين آمنوا من بعد وهاجروا وجاهدوا معكم فأولئك منكم وأولو الأرحام بعضهم﴾ [الأنفَال: 75]
Ba Sein ၇၅။ အကြင်သူတို့သည် နောက်မှယုံကြည်၏။ မိမိတို့အိုးအိမ်များကို စွန့်ပစ်ထွက်ပြေးလာကြ၏။ သင်တို့နှင့် အတူတကွကြိုးစားအားထုတ်ကြ၏။ ထိုသူတို့သည် သင်တို့အထဲမှဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော်၌ ဆွေမျိုးသားချင်းတို့သည် အချင်းချင်း ပိုမိုနီးစပ်ကြ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အကြင်သူတို့သည် နောက်သော်မှ’အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(အရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အသင်တို့နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ သို့ဖြစ်လျှင်၎င်း တို့သည်လည်း အသင် (မုဟာဂျီရီန်နှင့် အန်ဆွာရ်) တို့တွင်အပါအဝင် ဖြစ်ကြကုန်သည်။ သို့ရာတွင်(၎င်းတို့အနက်မှ)ဆွေမျိုးရင်းချာတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်အရအချင်းချင်း တစ်ဦး၏အမွေကိုတစ်ဦးက ပိုမို၍ပင် ဆက်ခံထိုက်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။(ရကူ) |
Hashim Tin Myint ထို့ပြင် အကြင်သူများသည် နောက်မှ အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ရွှေ့ပြောင်းနေထိုင်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အသင်တို့နှင့်အတူ စစ်တိုက်ခဲ့ကြသည်။ သို့ဖြစ်လျှင် သူတို့သည်လည်း အသင်တို့ထဲတွင် အပါအဝင်ဖြစ်ကြသည်။ ထို့ပြင် ဆွေမျိုးရင်းချာများကမူ အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ထဲ၌ အချင်းချင်း တစ်ဦး၏အမွေကို တစ်ဦးက ပိုပြီးဆက်ခံထိုက်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |