Quran with Burmese translation - Surah Al-Fajr ayat 15 - الفَجر - Page - Juz 30
﴿فَأَمَّا ٱلۡإِنسَٰنُ إِذَا مَا ٱبۡتَلَىٰهُ رَبُّهُۥ فَأَكۡرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّيٓ أَكۡرَمَنِ ﴾
[الفَجر: 15]
﴿فأما الإنسان إذا ما ابتلاه ربه فأكرمه ونعمه فيقول ربي أكرمن﴾ [الفَجر: 15]
Ba Sein ၁၅။ လူသားမှာမူကား သူ၏ အရှင်သခင်သည် သူ့အား ဂုဏ်ကျက်သရေ စည်းစိမ်ဥစ္စာများဖြင့် စုံစမ်းတော်မူသောအခါ အကျွနု်ပ်၏ အရှင်သခင်သည် အကျွနု်ပ်ကို ဂုဏ်ပြုတော်မူသည်ဟု ပြောဆို၏။ |
Ghazi Mohammad Hashim သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။ |
Hashim Tin Myint ထို့နောက်မည်သို့ပင်ဖြစ်စေ၊ လူသားသည်သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူ့ကိုစမ်းသပ်တော်မူသည့်အခါ အရှင်မြတ်သည် သူ့ကိုဂုဏ်ပေးသနားတော်မူသည်။ ထို့ပြင် သူ့ကိုကျေးဇူးပြုတော်မူသည်။ သို့ဖြစ်ရာ သူကကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကျွန်ုပ်ကို ဂုဏ်ပေးတော်မူခဲ့သည်ဟု ပြောဆိုသည်။ |