Quran with Burmese translation - Surah At-Taubah ayat 112 - التوبَة - Page - Juz 11
﴿ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ﴾
[التوبَة: 112]
﴿التائبون العابدون الحامدون السائحون الراكعون الساجدون الآمرون بالمعروف والناهون عن المنكر والحافظون﴾ [التوبَة: 112]
Ba Sein ၁၁၂။ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ တရားသံဝေဂနှင့် လှည့်သူတို့ အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်သူတို့ အရှင်မြတ်ကို ချီးကျူးသူတို့ဥပုသ်စောင့်သူတို့ဦးညွှတ်သူတို့ဝပ်တွားရှိခိုးပူဇော်သူတို့မှန်ကန်မှုကို တိုက်တွန်းဆင့်ဆို သူတို့၊ မကောင်းမှုကို တားမြစ်သူတို့၊ အရှင်မြတ်၏ ပညတ်တော်အတွင်းကျင့်ကြံသူတို့သာ ဤသူတို့သည် အောင်မြင်ကြသည်။ယုံကြည်သူတို့အား ဝမ်းမြောက်ဖွယ်သောသတင်းကောင်းမင်္ဂလာကို ပေးကြားလော့။ |
Ghazi Mohammad Hashim ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။ |
Hashim Tin Myint (အရှင်မြတ်က ဂျန္နသ်ပေးပြီး ဝယ်ယူလိုက်သောသူများသည်) ဝန်ချတောင်းပန်သူများ၊ အိဗာဒသ် ဝတ်ပြုသူများ၊ ချီးမွမ်းသူများ၊ စွောင်မ် ဥပုစ်စောင့်ထိန်းသူများ*၊ ရုကူအ်ဦးညွတ်သူများ၊ ကောင်းမှုများကို ညွှန်ကြားပြီး မကောင်းမှုများမှ တားမြစ်သူများ၊ အလ္လာဟ်အရှင်မြတ်၏စည်းကမ်းများကို စောင့်ထိန်းသူများ ဖြစ်ကြသည်။ ၎င်းနောက် အသင်သည် အီမာန်ယုံကြည်သူများအား သတင်းကောင်းပေးလိုက်ပါ။ |