Quran with Burmese translation - Surah At-Taubah ayat 113 - التوبَة - Page - Juz 11
﴿مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ ﴾
[التوبَة: 113]
﴿ما كان للنبي والذين آمنوا أن يستغفروا للمشركين ولو كانوا أولي قربى﴾ [التوبَة: 113]
Ba Sein ၁၁၃။ ဆင်းတုကိုးကွယ်သောမိစ္ဆာဒိဋ္ဌိတို့သည် ငရဲသို့ လားရမည်ဖြစ်၏။ထို့ကြောင့်သူတို့သည် တမန်တော်နှင့် ယုံကြည် သူတို့၏ ဆွေမျိုးသားချင်းဖြစ်ငြားသော်လည်း တမန်တော်နှင့် ယုံကြည်သူတို့သည် ထိုအယူမှားသူတို့ကို အပြစ်လွှတ်တော်မူရန် ဆုမတောင်းအပ်ကြပေ။ |
Ghazi Mohammad Hashim နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။ |
Hashim Tin Myint တမန်တော်မြတ်နှင့် အီမာန်ယုံကြည်သူများသည် မုရှ်ရိက်များအတွက် ၎င်း(မုရှ်ရိက်)များသည် သူတို့၏ဆွေမျိုးများဖြစ်ကြလျှင်လည်း သူတို့သည် ငရဲသားများဖြစ်သောကြောင့် သူတို့တွင်(အယောင်ဆောင်မှု)ထင်ရှားခဲ့ပြီးသည့်နောက် (အရှင်မြတ်ထံတော်၌)လွတ်ငြိမ်းချမ်းသာခွင့်ကို တောင့်ခံပေးပိုင်ခွင့် မရှိတော့ပေ။ |