Quran with Burmese translation - Surah At-Taubah ayat 14 - التوبَة - Page - Juz 10
﴿قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٖ مُّؤۡمِنِينَ ﴾
[التوبَة: 14]
﴿قاتلوهم يعذبهم الله بأيديكم ويخزهم وينصركم عليهم ويشف صدور قوم مؤمنين﴾ [التوبَة: 14]
Ba Sein ၁၄။ သင်တို့သည် မိစ္ဆာဒိဋ္ဌိတို့အား တိုက်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သင်တို့အားဖြင့် အပြစ်ဒဏ်ပေး တော်မူလိမ့်မည်၊ သူတို့ကို အရေးနိမ့်စေတော်မူမည်၊ သင်တို့အား အောင်စေတော်မူမည်၊ ယုံကြည်သူတို့၏ စိတ်နှလုံးကို သာယာစေတော်မူမည်။ |
Ghazi Mohammad Hashim အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။ |
Hashim Tin Myint အသင်တို့သည် သူတို့အား တိုက်ခိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အသင်တို့၏လက်များနှင့် ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား သေးသိမ်စေတော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား သူတို့နှင့်ဆန့်ကျင်၍ အကူအညီပေးတော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ယုံကြည်သူများ၏စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်သည်။ |