×

ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့်ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို 9:33 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:33) ayat 33 in Burmese

9:33 Surah At-Taubah ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 33 - التوبَة - Page - Juz 10

﴿هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ﴾
[التوبَة: 33]

ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့်ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို အားလုံးအပေါ် အထင်အရှားလွှမ်းမိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန်တရားသစ္စာပေါ် အခြေခံသော ဒီန်နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: هو الذي أرسل رسوله بالهدى ودين الحق ليظهره على الدين كله ولو, باللغة البورمية

﴿هو الذي أرسل رسوله بالهدى ودين الحق ليظهره على الدين كله ولو﴾ [التوبَة: 33]

Ba Sein
၃၃။ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်ကို လမ်းပြကျမ်းတော်၊ သစ္စာဘာသာအယူဝါဒနှင့်တကွ စေလွှတ်တော် မူ၏။အကြောင်းရင်းကား ဆင်းတုရုပ်ပွားကိုးကွယ်သောသူတို့သည် မည်မျှပင်မနှစ်သက်သော်လည်း မိမိ၏ ဘာသာအယူဝါဒသည် အခြားအယူဝါဒအားလုံးကို လွှမ်းမိုးအောင်နိုင်ဖို့ရာဖြစ်၏။
Ghazi Mohammad Hashim
ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။
Hashim Tin Myint
အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မုရှ်ရိက်များက မနှစ်သက်ကြလျှင်လည်း အရှင်မြတ်၏တမန်‌တော်ကို သာသနာအားလုံးအ‌ပေါ်တွင် လွှမ်းမိုး‌စေရန်အတွက်* လမ်းမှန်ညွှန်ကြားပြသချက်နှင့်တကွ မှန်ကန်‌သော သာသနာနှင့်အတူ ‌စေလွှတ်‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek