×

သူတို့သည် (ဉာဏ်ဆင်မှု၊ ကြံစည်မှု၊ စီမံချက်သစ်တို့နှင့် ခေတ်မီနည်းစနစ်များကို အသုံးပြု၍) အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်အသက်ရှင်ရပ်တည်ရေး အ တွက် မရှိမ 9:32 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:32) ayat 32 in Burmese

9:32 Surah At-Taubah ayat 32 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 32 - التوبَة - Page - Juz 10

﴿يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ﴾
[التوبَة: 32]

သူတို့သည် (ဉာဏ်ဆင်မှု၊ ကြံစည်မှု၊ စီမံချက်သစ်တို့နှင့် ခေတ်မီနည်းစနစ်များကို အသုံးပြု၍) အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်အသက်ရှင်ရပ်တည်ရေး အ တွက် မရှိမ ဖြစ်လိုအပ်သော အစ္စလာမ်) ကို သူတို့၏ပါးစပ် (မီဒီယာ) များဖြင့် ချုပ်ငြိမ်းပျောက်ကွယ်စေရန် ရှာကြံလိုလား နေကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ကြံစည်မှု၊ စွပ်စွဲမှုနှင့်ဝါဒဖြန့်မှုတို့ကို) ငြင်းပယ်တော်မူလျက် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က မလိုမုန်းထားဖြစ်သော်ငြားလည်း အရှင့်ရောင် ခြည်တော်ကို ပြည့်ဝစုံလင်စွာ တောက်ပစေတော်မူရန်သာ အတည်ပြုတော်မူ၏။

❮ Previous Next ❯

ترجمة: يريدون أن يطفئوا نور الله بأفواههم ويأبى الله إلا أن يتم نوره, باللغة البورمية

﴿يريدون أن يطفئوا نور الله بأفواههم ويأبى الله إلا أن يتم نوره﴾ [التوبَة: 32]

Ba Sein
၃၂။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားအလင်းရောင်တော်ကို မိမိတို့ပါးစပ်ဖြင့် မှုတ်ပစ်ရန် လိုလားကြ၏။သို့သော်အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာမိုက်တို့မည်မျှပင် မနှစ်သက်သော်လည်း မိမိတရားတော်ကို စုံလင်စေ တော်မူမည်၊ တရားတော်မှတပါး အခြားအယူဝါဒများကို စက်ဆုတ်ရွံရှာတော်မူ၏။
Ghazi Mohammad Hashim
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။
Hashim Tin Myint
သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ရောင်ခြည်‌တော်ကို* သူတို့၏ပါးစပ်များနှင့် (မှုတ်)ပြီးငြိ်မ်းသတ်လိုကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များက မနှစ်သက်ကြ‌သော်လည်း အရှင်မြတ်၏‌ရောက်ခြည်‌တော်ကို ပြည့်ဝ‌အောင် ပြုလုပ်‌တော်မူသည်မှလွဲ၍ (အခြား)မည်သည်ကိုမှ သ‌ဘောတူ‌တော်မူမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek