Quran with Burmese translation - Surah At-Taubah ayat 37 - التوبَة - Page - Juz 10
﴿إِنَّمَا ٱلنَّسِيٓءُ زِيَادَةٞ فِي ٱلۡكُفۡرِۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُواْ يُحِلُّونَهُۥ عَامٗا وَيُحَرِّمُونَهُۥ عَامٗا لِّيُوَاطِـُٔواْ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّواْ مَا حَرَّمَ ٱللَّهُۚ زُيِّنَ لَهُمۡ سُوٓءُ أَعۡمَٰلِهِمۡۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ﴾ 
[التوبَة: 37]
﴿إنما النسيء زيادة في الكفر يضل به الذين كفروا يحلونه عاما ويحرمونه﴾ [التوبَة: 37]
| Ba Sein ၃၇။ လထူးလမြတ်ကို ရွှေ့ဆိုင်းမှုသည် အယူမှားသူတို့အား လှည့်ဖြားသည့်ကြီးမားလှသောမိစ္ဆာမှုဖြစ်၏။သူတို့သည် တစ်နှစ်တွင် ထိုလကို အသိအမှတ်ပြုကြ၏။နောက်တစ်နှစ်တွင် တားမြစ်ကြ၏။သို့မှသာ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းသောလထူးလမြတ်များ၏ အရေအတွက်သည် ပြည့်စုံကြရမည်။အလ္လာဟ်အရှင်မြတ်က တရားမဝင် အမင်္ဂလာဟု ပညတ်တော်မူသည်တို့ကို တရားဝင်သုမင်္ဂလာဖြစ်အောင် သူတို့သည် ဤကဲ့သို့ရွှေ့ဆိုင်းပြောင်းလဲ ကြ၏။သူတို့ပြုကျင့်မှု၏ မကောင်းကျိုးကို သူတို့သည် သုမင်္ဂလာဟု ထင်မှတ်ကြ၏။အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့ကို လမ်းပြတော်မမူပေ။ | 
| Ghazi Mohammad Hashim လများကိုရွှေ့ဆိုင်းခြင်းသည် ကွဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ‘ကာဖိရ်’မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ‘ဟလာလ်’ ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ‘ဟရာမ်’ ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ်’ ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။(ရကူ) | 
| Hashim Tin Myint လများကို ရွှေ့ဆိုင်းခြင်းသည်* ကုဖ်ရ်ငြင်းပယ်မှု၌ တိုးပွားမှုဖြစ်သည်။ ထိုကဲ့သို့ ရွှေ့ဆိုင်းထားသည့်အတွက် ကာဖိရ်များသည် လမ်းမှာကို ရောက်စေခြင်းခံရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်လို့ တားမြစ်ထားတော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေရန်အတွက် ထိုရွှေ့ဆိုင်းထားသောလများကို တစ်နှစ်တွင် ဟလာလ်ပြုလုပ်ပြီး နောက်တစ်နှစ်တွင် ဟရာမ်ဟု ပြုလုပ်လိုက်ကြသည်။ ထိုကဲ့သို့ပြုလုပ်သည့်အတွက် သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟု တားမြစ်တော်မူခဲ့သောလကို ဟလာလ်ပြုလုပ်ကြသည်။ သူတို့၏မကောင်းမှုများသည် သူတို့(၏ အမြင်)၌ လှပစွာ ရှိနေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို လမ်းမှန်ညွှန်ကြားပြသတော် မမူပေ။ |