Quran with Burmese translation - Surah At-Taubah ayat 40 - التوبَة - Page - Juz 10
﴿إِلَّا تَنصُرُوهُ فَقَدۡ نَصَرَهُ ٱللَّهُ إِذۡ أَخۡرَجَهُ ٱلَّذِينَ كَفَرُواْ ثَانِيَ ٱثۡنَيۡنِ إِذۡ هُمَا فِي ٱلۡغَارِ إِذۡ يَقُولُ لِصَٰحِبِهِۦ لَا تَحۡزَنۡ إِنَّ ٱللَّهَ مَعَنَاۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيۡهِ وَأَيَّدَهُۥ بِجُنُودٖ لَّمۡ تَرَوۡهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُواْ ٱلسُّفۡلَىٰۗ وَكَلِمَةُ ٱللَّهِ هِيَ ٱلۡعُلۡيَاۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ﴾
[التوبَة: 40]
﴿إلا تنصروه فقد نصره الله إذ أخرجه الذين كفروا ثاني اثنين إذ﴾ [التوبَة: 40]
Ba Sein ၄ဝ။ သင်တို့သည် တမန်တော်ကို မကူညီသော်လည်း သူ့အား မိစ္ဆာဒိဋ္ဌိတို့နှင်ထုတ်သောအခါ အလ္လာဟ်အရှင်မြတ်သည် သူ့ကို ကူညီစောင့်ရှောက်တော်မူ၏။ထိုအခါသူ့၌ အဖော်တစ်ယောက်သာရှိ၏။သူတို့သည် တောင်ခေါင်းလှိုဏ်ဂူ အတွင်းတွင် ခိုအောင်းနေသောအခါ သူသည် မိမိအဖော်အား မပူဆွေးလင့်၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ် တို့နှင့်အတူတကွ အမှန်ပင်ရှိတော်မူ၏ဟု ပြော၏။ထိုအခါအလ္လာဟ်အရှင်မြတ်သည် သူ့အား စိတ်ချမ်းမြေ့ အားတက်ခြင်းကို ချပေးသာနးတော်မူ၏။အရှင်မြတ်သည် သူ့အား သင်တို့မမြင်စွမ်းနိုင်သောစစ်တပ်ကြီးများ အားဖြင့် ကူညီထောက်မတော်မူ၏။အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့စကားကို အောက်ဆုံးစွန်သို့ ကျဆင်းစေတော်မူ၍ မိမိ၏ ဗျာဒိတ်စကားတော်ကိုမူကား အပေါ်ဆုံးသို့ တက်စေ၏။အလ္လာဟ်အရှင်မြတ်သည် အနန္တဘုန်းတန်ခိုး တော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်)အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ကို ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင့်ထုတ်ကြစဉ် ၎င်း (နဗီတမန်တော်)သည် နှစ်ယောက်အနက်ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည် ဟု ပြောဆို၍ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ (စိတ်)တည်ငြိမ်မှုကို၎င်း(နဗီတမန်တော်) ၏အပေါ်၌ ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါးလည်း ၎င်း(နဗီတမန်တော်)အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော်မူခဲ့လေ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်၏စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံးဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါပေသတည်း။ |
Hashim Tin Myint အကယ်၍ အသင်တို့သည် ၎င်း(တမန်တော်)ကို မကူညီကြလျှင်(လည်း တမန်တော်တွင် မည်သည့်အရာမျှ ဆုံးရှုံးမသွားပေ၊ အဘယ့်ကြောင့်ဆိုသော်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အချိန်အခါကလည်း ကူညီတော်မူခဲ့သည့်အတွက် ဖြစ်သည်။ ထိုအချိန်အခါတွင် ၎င်း(တမန်တော်)အား ကာဖိရ်များက နှင်ထုတ်ခဲ့ကြစဉ်၌၊ (အရှင်မြတ်က ကူညီတော်မူခဲ့သည်၊ ထို့ပြင်) ၎င်းသည် နှစ်ယောက်ထဲမှ ဒုတိယဖြစ်ခဲဲ့ပြီး သူတို့နှစ်ဦး လိုဏ်ဂူထဲ၌ရှိနေကြသောအခါ ၎င်း(တမန်တော်)က ၎င်း၏အဖော်အား “အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည်“*ဟု ပြောဆိုနေသောအခါ၌လည်း (အရှင်မြတ်သည် ၎င်းအား ကူညီတော်မူခဲ့သည်။) ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ တည်ငြိမ်မှုကို ၎င်း၏အပေါ်တွင် ချပေးသနားတော်မူခဲ့သည်။ ထို့ပြင် အသင်တို့ မမြင်သောစစ်သည်များနှင့် ၎င်းအား ကူညီအားပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များ၏ (ရှိရ်က်ဘက်ဖိတ်ခေါ်သော)စကားအား နိမ့်ကျအောင်လုပ်တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ (တစ်ပါးတည်းတည်ရှိကြောင်း ကလိမဟ်)စကားတော်ကမူ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |